စကုသမိုင်းဖတ်လိုက်ရတာအရမ်းကို
ဝမ်းသာပီတိဖြစ်မိပါတယ်။မသိသေးတာ
သိရလို့(ငြိမ်း)မြို့နယ်အုပ်ချုပ်ရေး
ဦးသန်းထွန်းအကိုကြီးအားအထူးပင်
ကျေးဇူးပါခင်ဗျာ။
စကုမြို့နယ်အုပ်ချုပ်ရေးဖြစ်စဉ်အကျဉ်း
*******************************
*******************************
(၁) စကုသည်ပုဂံနှင့်ခေတ်ပြိုင်မြို့ဖြစ်သည်။ပုဂံခေတ်တွင်
လယ်တွင်းကိုးခရိုင်၊ ဆယ်တစ်ခရိုင်၊ ခြောက်ခရိုင်ဟူ၍ရှိခဲ့ရာခြောက်ခရိုင် နယ်မြေတွင် စကု၊စလင်း၊လယ်ကိုင်း၊ ကျပင်း၊ဖောင်းလင်း၊မပင်စရဟူ၍
ရှိခဲ့သည်။ အင်းဝခေတ်မှကုန်းဘောင်ခေတ်အထိစကုမြို့စား
မင်းသား၊ မင်းသမီးများရှိသကဲ့သို့မြို့ဝန်များလည်းခန့်ထား
အုပ်ချုပ်ခဲ့သည်။ ရွှေဘုံသာဘုရားနှင့်ကပ်လျက်ရှိသောအဆောက်အဉီးကြီး
မှာ မြို့ဝန်ဉီးဆိုင်နေထိုင်ခဲ့သည့်အိမ်ဖြစ်သည်။
(၂) စကုမြို့အုပ်၊ မြို့ပိုင်အဆက်ဆက်မှာအောက်ပါအတိုင်းဖြစ်သည်-
(က)အင်္ဂလိပ်ခေတ်
ဉီးးသိုက်(မြို့အုပ်)
(ခ)ဂျပန်ခေတ်
(၁) ဉီးဘသိုက်(မြို့ပိုင်မှတပ်ထဲဝင်ဗိုလ်မှူးအဆင့်)
(၂) ဉီးရှင် ဝဏ္ဏကျော်ထင်ဘွဲ့ရ(လျှပ်စစ်ရုံး
အနောက်ဘက်အိမ်ဝိုင်းမှာဉီးရှင်၏အိမ်ဝိုင်းဖြစ်
သည်။)
(ဂ)ဖဆပလခေတ်
(၁)ဉီးချစ်ထွန်း
(၂)ဉီးမင်းစိန်
(၃)ဉီးချစ်ဆိုင်
(၄)ဉီးခင်မောင်လှ
(ဃ)နလကခေတ်
(၁)ဉီးတင်
(၂)ဉီးရွှေသိန်း
(၃)ဉီးယောဟန်
(၄)ဉီးတင်ထွဋ်
(၃) မြို့ပိုင်များရုံးစိုက်သည့်နေရာမှာလက်ရှိမြို့အုပ်ချုပ်ရေး
မှူးရုံးဖွင့်လှစ်ထားသည်။ မြို့ပိုင်ရုံးတွင်တရားမတရားသူကြီး
ရုံး။ငွေတိုက်ရုံး။ မြေစာရင်းရုံးများပါပူးတွဲဖွင့်လှစ်ထားသည်။
ရဲဝန်ထောက်ရုံးကိုရဲစခန်းအတွင်းဖွင့်လှစ်ထားပြီးသမဝါယမ
စိုက်ပျိုးရေး။ ဆည်မြောင်း ရုံးများလည်းဖွင့်လှစ်ထားပါသည်။
(၄) ၁၉၆၂ခုနှစ်တော်လှန်ရေးအစိုးရတက်လာသည့်အ
ချိန်တွင်မြို့နယ်လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီရုံးကိုမြို့ပိုင်
ရုံးတွင်ပူးတွဲဖွင့်လှစ်ခဲ့ပါသည်။ တာဝန်ယူခဲ့သည့်မြို့နယ်လုံ
ခြုံ ရေးကော်မတီဉက္ကဌများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
(က)ဗိုလ်မောင်မောင် ခလရ(၂၁)စကု
(ခ)ဗိုလ်ကြီးအောင်ဝင်း ခလရ(၂၁)စကု
(ဂ)ဗိုလ်ကြီးသောင်းရင် ခလရ(၂၁)စကု
(ဃ)ဗိုလ်ကြီးသိန်းကျော် ခလရ(၂၁)စကု
(င)ဗိုလ်ကြီးတင်အေး ခလရ(၂၁)စကု
(စ)ဗိုလ်ကြီးမင်းနိုင် ခလရ(၂၁)စကု
(ဆ)ဗိုလ်ကြီးတင်ဉီး ခလရ(၈၈)မင်းဘူး
(၅)ယင်းကာလတွင်မင်းဘူးမြို့နယ်ဟူ၍မရှိပါ။မင်းဘူးတွင်
မြို့မလုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီ(မလက)ဟုဖွဲ့စည်း
ထားပြီးမြို့ပေါ်(၄)ရပ်ကွက်ကိုသာတာဝန်ယူအုပ်ချုပ်ပါသည်။မလက မှာလက်ရှိစကုမြို့အုပ်ချုပ်ရေးမှူးတာဝန်ယူသည့်
အနေအထာအတိုင်းပင်ဖြစ်ပါသည်။မလကဉက္ကဌမှာမြို့မဝန်
ထောက်ကြီးဖြစ်ပါသည်။
(၆) ကျွန်တော်သည်စကုမြို့နယ်လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်
မတီရုံး၌(၁၉၆၃ -၆၄)ခုနှစ်တွင်လုပ်အားပေးစာရေးအဖြစ်
ဗိုလ်ကြီးအောင်ဝင်းနှင့်ဗိုလ်ကြီးသောင်းရင်တို့လက်ထက်
တာဝန်ထမ်းဆောင်ခဲ့ပါသည်။ဗိုလ်ကြီးသိန်းကျော်လက်
ထက်မှဗိုလ်ကြီးတင်အေး။ဗိုလ်ကြီးမင်းနိုင်တို့လက်ထက်
တွင်လစာရအောက်တန်းစာရေးအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၈ခုနှစ်ဗိုလ်ကြီးမင်းနိုင်လက်ထက်တွင်အထက်တန်း
စာရေးမင်းဘူးခရိုင်လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီရုံးတွင်
ဝင်ရောက်ဆောင်ရွက်ခဲ့ပါသည်။ထိုစဉ်က ခလကဉက္ကဌ
များမှာဗိုလ်မှူးကျော်သန်း(နောင်လူမှုဝန်ထမ်းဒုဝန်ကြီး)နှင့်
ဗိုလ်မှူးမင်းနောင်(နောင်ပြည်ထဲရေး ဒုဝန်ကြီးတို့ဖြစ်
ပါသည်။
(၇)နလကဉက္ကဌဗိုလ်ကြီးတင်အေးနှင့်ဗိုလ်ကြီးမင်းနိုင်တို့
သည်စကုမြို့ပေါ်ရပ်ကွက်တွင်အိမ်ငှားနေထိုင်ပြီး နေ့စဉ်
အိမ်မှရုံးတက်ပြီးလုပ်ငန်းတာဝန်များဆောင်ရွက်ပါသည်။
ဤကာလအတွင်းနလကဉက္ကဌဗိုလ်ကြီးမင်းနိုင်သည်
မင်းဘူးမြို့ကမ်းနားလမ်း(လက်ရှိဆည်မြောင်းရိပ်သာ
မြောက်ဘက်)၌ခရိုင်ဝန်ဉီးဇော်ဝင်းလက်ထက်တွင်မြေ
ကွက်ဂရန်ခွင့်ပြုချက်ဖြင့်နေအိမ်ဆောက်ခဲ့သည်။မင်းဘူး
နေအိမ်ပြီးသည့်အခါမင်းဘူးသို့ရွှေ့ပြောင်းနေထိုင်ပြီး
မင်းဘူးမှစကုသို့နေ့တိုင်းရုံးတက်လာပါသည်။လအနည်း
ငယအကြာတွင်စကုနလကရုံးကိုရုံးတက်လွယ်ကူစေရန်
အတွက်မင်းဘူးသို့ပြောင်းရွှေ့ခဲ့ပါသည်။
(၈)ယင်းသို့ပြောင်းရွှေ့နေထိုင်ရာတွင်တရားဝင်အမိန့်ညွှန်
ကြားချက်တစ်စုံတရာမရှိခဲ့ပါ။အကယ်၍ရှိခဲ့ပါကခရိုင်လုံခြုံ
ရေးနှင့်အုပ်ချုပ်မှုကော်မတီရုံးအုပ်ဖြစ်သည့်ကျွန်တော်သိရှိ
ရမည်ဖြစ်ပါသည်။ခရိုင်ဉက္ကဌ၏နှုတ်မိန့်သဘောတူချက်အရလေ့လာသိရှိရပါသည်။စောစောပိုင်းကရုံးစာများတွင်
စကုမြို့နယ်လုံခြုံရေးနှင့်အုပ်ချပ်မှုကော်မတီ(မင်းဘူးမြို့)
ဟုလိပ်စာတပ်လေ့ရှိပါသည်။ ပြည်သူ့ကောင်စီလက်ထက်
တွင်မူ မင်းဘူး(စကု)မြို့နယ်ဟုပြောင်းလဲသုံးစွဲလာသည်ကို
လေ့လာသိရှိရပါသည်။ ။
( ဉီးသန်းထွန်း )
မြို့နယ်အုပ်ချု ပ်ရေးမှုး(ငြိမ်း)
စကုမြို့
No comments:
Post a Comment