Wednesday, June 12, 2019

ထေရ်ကြီး (သို့)ထီးကြီးစေတီ နဲ့ စကု

စကုမြို့ဦး မြို့ထိပ်မှာ ထီးကြီးဘုရား
ထေရ်ကြီးစေတီ ဆိုတာရှိပါတယ်။
ရှေးဟောင်းသမိုင်းဝင်ဘုရား ရယ်လို့
ပြောကြတယ်။ ဒီစေတီတော်ကြီး နဲ့
ပတ်သက်လို့ အစဉ်အလာပြောစကား
ကတော့ မဟာပုဏ္ဏမထေရ် နဲ့ သက်ဆိုင်တဲ့ ဘုရား၊ မဟာပုဏ္ဏမထေရ် သီတင်းသုံးခဲ့တဲ့နေရာရယ်လို့ ပုဏ္ဏောဝါဒသုတ်ကို ညွန်းဆိုလို့ ဒေသခံတွေက ပြောကြပါတယ်။ ကျောင်းတော်ရာဘုရား ရဲ့ အစဉ်အလာ အယူအဆ နဲ့ လည်းဆက်စပ်နေပါတယ်။
ဘုရားရှင်လက်ထက် ဝါဏိစ္စဂါမဟု
အမည်တွင်သော ယခုပွင့်ဖြူမြို့နယ်
သစ်တော်ရွာမှ မဇ္ဈိမဒေသ သို့ကုန်ရောင်းသွားတဲ့  မဟာပုဏ် ၊
စူဠပုဏ် ညီအကိုနှစ်ဦးအနက်
မြတ်စွာဘုရားရှင် နှင့် တွေ့ရှိ ပြီး
အပြန်တွင် ရဟန်းဖြစ်လာသော
မဟာပုဏ္ဏ မထေရ် ဟာသုနာပရန္တတိုင်း
 ကိုပြန်ကြွလာပြီးနောက် တရားအား
ထုတ်ခဲ့သောနေရာလေးခု ရှိခဲ့ပါတယ်။
၁ ။ ရေပုတ်ရွာရွှေမြင်တောင်(အပ္ပဟတ
္ထတောင်)
၂ ။အောက်ကျောင်းဘုရားတည်နေရာ(
သမုဒ္ဒဂီရိ အမည်ရှိသော ကျောင်းအရပ်)
၃ ။ ထေရ်ကြီးဘုရားတည်နေရာ( မာတု
လာဂီရိအရပ်)
၎ ။ကျောင်းတော်ရာဘုရားတည်နေရာ(
မကုလာ ရာမ ကျောင်းအရပ်) တို့ဖြစ်ကြပါတယ်။
      တတိယနေရာဖြစ်တဲ့ မာတုလာဂီရိ
အရပ်ဟာ ကျေးငှက်လွန်စွာပေါများလို့
သကုဏ အရပ် နောက် သကု  နောင်
စကု လို့တွင်တယ်လို့ အစဉ်အလာစကားရှိပါတယ်။ တချို့
ကလည်း ပန်းလွှားရွာမြောက်ဘက်က
ရှင်ပင်ဂူနီ ကို တတိယနေရာလို့ပြော
ဆိုကြပေမယ့်၊ စကု ထေရ်ကြီး အရပ်
သာလျှင် သဒ္ဒါယုတ္တိ၊ အတ္တယုတ္တိ သင့်ပြီး ၊ ယင်းရှင်ပင်ကူနီ ဘုရားဟာ ကျောင်းတော်ရာဘုရားကြီး ကျောင်းတော်မြေ အတွင်တည်ရှိတဲ့
 အလောင်းစည်သူမင်း တည်တယ်တဲ့ စေတီတစ်ဆူဖြစ်တယ်လို့လည်းဆိုပါတယ်။
          ဒီလို အစဉ်အလာစကားတွေ
နဲ့ ပတ်သက်လို့ စိတ်ဝင်တစား
ရှာဖွေကြည့်တဲ့ အခါ ထီးကြီးစေတီကို
အေဒီ 1307 မြန်မာနှစ် ၆၆၉ ခုမှာ တောင်တွင်းမင်း သီဟပတေ့ ရဲ့
သမက်က   တည်တယ်လို့
Amended list of ancient monuments in  Burma 1960
မှာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ
ရှမ်းတိုင်းရင်းသားတွေက သံထီးတော် အသစ်ကြီးတင်လှူလို့ ထီးကြီးစေတီလို့ခေါ်တွင်တယ်လည်း
ဆိုပါတယ်။( စကုမှာနေထိုင်ခဲ့တဲ့
ရှမ်းကောင်ဟန် တွေ အကြောင်းသပ်
သပ် အားတဲ့အခါ ပို့တင်ပါမယ်။)
ဒါ ထေရ်ကြီးစေတီ နဲ့ ပတ်သက်ပြီး
တွေ့ရတဲ့ မှတ်တမ်းဖြစ်ပါတယ်။
ဒီမှတ်တမ်းဖြစ်နိုင် မဖြစ်နိုင်ကို စဉ်းစား
တဲ့ အခါမှာ စေတီတော်ရဲ့ အနုပညာ
လက်ရာတွေမှာ အင်းဝခေတ်ဟန်တွေ
ကိုတွေ့ ရသလို အမရပူရခေတ်ဟန်
တွေကိုလည်း အများအပြား တွေ့ရပါတယ်။ခေတ်အဆက်ဆက်ပြုပြင် မူ့တွေကလည်း ရှိပါတယ်။
၁၄ ရာစု မှာ တောင်တွင်းမင်းသီဟပတေ့က စကုထေရ်ကြီးစေတီကိုတည်တယ်
ဆိုတော့   တောင်တွင်းနဲ့ စကု
ပတ်သက်မူကို ဆက်စပ်ကြည့်ရာမှာ
တောင်တွင်းစားသီဟပတေ့ ကို
သီဟသူ နဲ့ မြောက်နန်းမိဖုရားက ဖွား
တဲ့ စောပုလဲမယ် တို့ကို စုံ ဖက်ရာ၊
သားတော် သိင်္ဂသူစောနှောင်း ၊
သားတော်သိင်္ဂသူစောနှောင်း နဲ့
သရက် မင်းရှင်စောသမီး စောမြတ်ကဲ
ကိုစုံဖက်ရာ သားတော် သိင်္ဂသူငယ်၊
သိင်္ဂသူငယ် နဲ့ မင်းကြီးစွာသမီး
စောစလာကဒေဝီ သင့်ရာ သားတော်
မင်းဥဂ္ဂါ တစ်ပါး ၊ နှမတော်စောပို့မယ်
တစ်ပါး ( နောင်အခါမိဖုရားရှင်ဘို့မယ်
ဖြစ်လာသူ)  လို့ အဲ့လိုအစဉ်အဆက်
မှန်နန်းကဆိုပါတယ်။ သိင်္ဂသူစောနှောင်း  နဲ့ သားသိင်္ဂသူ
တို့ဟာ စကုစားတွေဖြစ်ပါတယ်။
ွှရာဇဝင်ကြီး ရာဇဝင်လတ်တို့မှာ
တောင်တွင်း ပွင့်လှဦး သီဟပတေ့
နှင့်စောပုလဲ တို့မှာ သားတော်
သိင်္ဂသူစောနှောင်း၊
ညီတော်သိင်္ဂသူငယ၊်
ညီတော်မင်းဥဂ္ဂါ သုံးပါးမြင်တယ်
ဆိုပါတယ်။
ရာဇဝင်သစ်မှာ ရမည်းသင်းသီဟပတေ့
နဲ့ စောပုလဲ ကိုစုံဖက်သည်ဆိုပြီး
သားသမီးကို မည်သူဟု မဆို။
မင်းရာဇပုံ တွင် တူမတော်အရင်းဖြစ်သော စောပို့မယ်
ကို မင်းခေါင်ရွှေနန်းတင်သည်ဟု
ဆိုတာကိုထောက်ပြီး  မင်းကြီးစွာ
နှမတော် စောမြတ် နှင့် သိင်္ဂသူစောနေင်းသင့်ရာ သိင်္ဂသူငယ်
ကိုမြင်သည်၊ သိင်္ဂသူငယ် နှင့် မင်းင်္ကြီး
စွာ သား မင်းခေါင်လည်း ညီအစ်ကို
သမီးယောက်ဖ တော်ကြသည်ကို
ထောက်သဖြင့် သိင်္ဂသူငယ်သမီး
စောပို့မယ် ဖြစ်၍ မင်းခေါင် တူမတော်
အရင်းဟူသော မင်းရာဇပုံ စကားနှင့်
လည်းညီ သည်။ လို့လည်းဆိုပါတယ်။
ဒီတော့စကုစား နဲ့တောင်တွင်းစား
ဟာ သားအဖ တော်ပါတယ်။
 ဒီနေရာမှာ စိတ်ဝင်စားစရာကောင်း
တာက  တောင်တွင်းစား အကြောင်း
ဖြစ်ပါတယ်။ သူက ၁၃ ရာစုဟအကုန်
ပုဂံပျက်တော့ စကု နဲ့တောင်တွင်း
စိုက်ပျိုးအချက်အချာဒေသ ကို
သေချာတောင့်တင်းအောင်စီမံထားတာ
ကိုတွေ့ရပါတယ်။
ပုဂံခေတ်ကထည်းကဘဲ စကုဟာ
ပုဂံ နဲ့ ကုန်စည်ထောက်ပံ့စီးစင်း
ရာ အချက်အချာ ဒေသတစ်ခုဖြစ်ပါတယ်။
ဥပမာတစ်ခုပြရရင်  မြန်မာနှစ် ၅၉၇ ခု
AD1235  ထိုး မဟာသေနာပတိ အနန္တသူ ကျောက်စာ ဖြစ်ပါတယ်။ ပုဂံမြို့ မင်းနန်သူရွာ လေးမျက်နှာဘုရား ကျောက်စာရုံ ကျောက်တိုင်အမှတ် ၈/ခ  ဖြစ်ပါတယ်။
အဲဒီ ကျောက်စာ ကြောင်း ရေ ၁၈  ၁၉
၂၀  မှာ မြန်မာနှစ် ၅၉၆ တပေါင်းလဆန်း ခြောက် ရက် ကြာသပတေး နေ့ မှာ အနန္တသူ က
စကုမှာ ကန်ယာမြေ ၁၀၀၀ ကို ရတနာသုံးပါးအား လှူ တယ်လို့ ရေးထိုးထားပါတယ်။
အမတ်ကြီး မဟာသေနာပတိ အနန္တသူရမောင်နှံ ရေးထိုး ခဲ့တာ လေးမျက်နှာပါ ကျောက်စာတိုင်နှစ်တိုင်
နဲ့ နှစ်မျက်နှာ ကျောက်စာတိုင် တစ်တိုင်ဖြစ်ပါတယ်။ ရေးထိုးနှစ်  က
AD  1224, 1227, နဲ့ 1235 အတွင်းဖြစ်ပါတယ်။ ပထမ ကျောက်စာ
AD1224  မှာလှူ တဲ့ ကျွန်များ
ဒုတိယကျောက်စာ AD 1227 မှာ လယ် ဥယန် ကျွန် နွား ကျွယ် ဆင် ဆိတ် လှူတာ ပါ ပါတယ်။ တတိယ ကျောက်စာ AD1235 မှာ ဘယ်နေရာ
ဘာမြေအမျိုးအစား ပယ်ပေါင်းဘယ်လောက် ဘာကိုလှူတယ် ဆိုတာပါ ပါတယ်။
 အနန္တသူရ မောင်နှံ တို့က လယ်ယာမြေ ပယ်ပေါင်း ၇၅၀၀ ကျော်
ကို ရတနာသုံးပါးအတွက် လှူပါတယ်။
ဧက ဖွဲ့ ရင် ၁၃၁၂၅ ဧက ပါ။ ထိုခေတ် အနေအထားအရ လူတစ်ဦး ကို ၆ ဧက
နှုန်း နဲ့ ပယ် ၇၅၀၀( ၁၃၁၂၅ဧက)  ဟာ
လူ ၂၀၀၀ လောက် ကျေွးနိုင်ပါတယ်။
အနန္တသူရ အမတ်ကြီးဘုရားကို လှူ သော ကျွန် အရေ အတွက်မှာ ဖတ်ရသမျှ ၆၆၅ ဦး  အဆုံးစွန် လူ
၈၀၀ မျှ လို့ ဒေါက်တာတိုးလှ က ဆိုပါတယ်။ ဒီတော့ လူ ၂၀၀၀ စာ စားသုံးနိုင်တာကို၈၀၀ လောက် က လုပ်။ ရတဲ့ သီးနှံ ကို သက်ဆိုင် ရာကျောင်းဘုရားပြင် ဆွမ်းဆီမီး ဝတ်များအတွက်နုတ်ပြီး ကျန်တာကို ကျွန်များအား အချိုးကျ ခွဲ ဝေ ပေး။
ဒါကြောင့် စကု က ကန်ယာမြေ ပယ်၁၀၀၀ စာ အတွက် ကျွန် ၁၀၀ ဝန်းကျင် လောက် စကုမှာ ထားမှာပါ။
မြေအမျိုးအစားက ယာ ဆိုတော့ ပြောင်း နှမ်း ပဲ အမျိုးမျိုး စိုက်မယ်။ကန်ပါတော့ စပါးနည်းနည်း နဲ့ ဥယျာဉ် ပါလုပ်မယ်။ အုန်း ထန်း
ဖရုံ ခဝဲ ကွမ်း စတဲ့ သီးနှံတွေ စိုက်မယ်
လို့ ပြောလို့ရပါတယ်။သီးနှံ ပေါ်ရင်
စကု က နေ ပုဂံ ကို သွား သက်ဆိုင်ရာ
ကျောင်း အတွက် လှူ ။ ကျွန် တွေ က
ရ တဲ့ ဝေ ပုံစု တွေ နဲ့ ပုဂံ က နေ လိုတာတွေ ဝယ်ခြမ်း ကိုယ့်နေရာ ပြန်
ဆိုတော့ ။ စကု က အနန္တသူရဲ့ ကျွန်မျာ့း  အတွက် ပုဂံ ဟာ ကုန်စည် စီးဆင်း ရာ ဓန ခွဲဝေ ရာ ဖြစ်မယ် ထင်ပါတယ်။
ဒါအပြင် သိင်္ဂသူသမီးကျောက်စာမှာလည်း
စကုမှာ ဆည်သစ်ဆောက်တယ်
ဆိုတာတွေ့ရပါတယ်။ အခြား ကျောက်စာတွေကို ကိုးကားပြီးတော့
လည်းမြောင်းတွေ ဖေါက်တာကိုလည်း
ပြောနိင်ပါတယ် ။အချို့မြောင်းတွေ
ဆို ခုချိန်ထိ ကျောက်စာထဲကအမည်
တွေ ခေါ်နေကြတုန်းပါဘဲ။ စကုဟာ
ပုဂံခေတ်လွန်ကာလမှာ စကုခရိုင်ရယ်
လို့ဖြစ်နေတာကိုလည်းသက္ကရာဇ် ၆၇၉ ခု (၆၆၈-၆၇၄-ခု)
ထိုး အနန္တသူ မောင်နှံကျောင်း
 ကျောက်စာ၊တမျက်နှာ၊ (ပုဂံပြတိုက် ကျောက်တိုင်အမှတ် ၇၃ ) မှီာတွေ့နိုင်ပါတယ်။ ဆရာကြီးဒေါက်တာသန်းထွန်း နဲ့
မင်းဘူးဦးအောင်ကြိုင်တို့ကလည်း
ပုဂံခေတ်ကမင်းဘူး ခြောက်ခရိုင်မှာ စကုခရိုင်
လည်းပါတယ်ဆိုကြပါတယ်။ီ
 ဒီလို စိုက်ပျိုးရေးဆန်စပ့ါးအားထား
ရာဒေသကို တောင်တွင်းစား  ဟာ
သူ့သားစကုစား  နဲ့ အတူ ပုဂံ
ရဲ့ အခြေအနေကိုကြည့်ပြီး  တောင်တွင်း နဲ့ စကုကို သေချာပြင်ဆင်ထားခဲ့တာဖြစ်ပါမယ်။
ဇာတာတော်ပုံမှာတော့ မြန်မာနှစ် ၆၆၁ မှာတည်တယ်ဆိုပါတယ်။တင်နိုင်တိုး
ရဲ့မြန်မာမြို့အဘိဓါန်မှာ မြန်မာနှစ် ၆၆၁ နတ်တော် လဆန်း ၇ရက် တနင်္လာနေ့ မှာ တောင်တွင်းမင်းသီဝိပဒေ ကတည်
တယ်လို့ဆိုပါတယ်။ ဒါတွေဟာ
တောင်တွင်းစားဟာ ဘယ်လောက်ထိ
စဉ်းစားပြင်ဆင်ထားသလဲဆိုတာကို
သိနိုင်ပါတယ်။်
ဒါကြောင့်  သတိုးမင်းဖျား နန်းတက်
တော့  တောင်တွင်း နဲ စကု ဟာခြားနား
ခဲ့ပါတယ်။သတိုးမင်းဖျားက တောင်
တွင်းကို တိုက်ခိုက်သိမ်းနိုင်ပေမယ့်
စကုကိုတော့  နစ်ကြိမ်တိုက်ရာမှာ
နစ်ကြိမ်လုံးမအောင်မြင်ခဲ့ပါဘူး။
နောက် မင်းကြီးစွာလက်ထက်မှာတော့
စကုကို တိုက်မနေတော့ဘဲ စကုစား
သိင်္ဂသူစောနောင်းကို နမတော် နဲ့စုံ
ဖက်လို့ သိမ်းသွင်းလိုက်ပါတယ်။
ဒီလို တောင်တွင်း နဲ့ စကု ပတ်သက်
မူ် မှာ ထေရ်ကြီးစေတီ တည်
တဲ့ အချိန် လှူဒါန်းပုဂ္ဂိုလ် ဟာ အများ
ကြီးဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်ပါ။
နောက်တစ်ခုက အဲ့ဒီအချိန် ၁၄
ိံရာစုကဘဲ  အောက်ကျောင်းစေတီ
ကို တောင်တွင်းမင်းသီဟပတေ့က တည်ခဲ့ပြီး
ထေရ်ကြီး စေတီတော် နဲ့
ဥာဏ်တော်ကလည်း အတူတူဘဲ
ဆိုပါတယ်။ ထူးခြားတာက မဟာပုဏ္ဏ
မထေရ်သီတင်းသုံးတဲ့နေရာ နစ်ခုမှာ
တည်ထားတာဖြစ်ပါတယ်။ ဒီထေရ်ကြီးစေတီဟာ
ယခင်က စေတီဟောင်းကို ငုံင်္ပြီး
တည်တယ်ဆိုတဲ့ အစဉ်အလာစကား
က ရှိနေပါသေးတယ်။
အချုပ်ပြောရ ရင် ဒီထေရ်ကြီး ထီးကြီး
စေတီဟာ အေဒီ ၁၃၀၇  ၊ မြန်မာနှစ်
၆၆၉ မှာတည်တာ ဖြစ်နိုင်တယ်လို့
လက်ခံ ရမှာပါ။ အစဉ်အလာစကားကိုမှ ပြောချင်ရင်တော့ မဟာပုဏ္ဏ မထေရ် သီတင်းသုံး
တယ် ဆိုတဲ့ စေတီဟောင်း ကတော့
စေတီကို စေတီကွယ်ခဲ့ပြီလို့ဘဲ
ပြောရပါတော့မယ်။

ယခုပို့  နှင့် ပတ်သက်သော အချက်အလက်
အချို့ကိုပေးပို့သော ဆရာတော် Shan Yoma E-Library  အားကျေးဇူးတင်ပါသည် ဘုရား

ုCrd#

No comments:

ဧက တွက်နည်း

 💥မြေဧက တွက်နည်း💥 မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်ရဲ့ ပုံသဏ္ဍန်က...