Friday, June 14, 2019

Life Style

ငယ်​ငယ်​ က စာအုပ်​​တွေ ​တော်​​တော်​များများ
ဖတ်​ဖြစ်​ခဲ့တယ်

စာအုပ်​က သစ္စာအရှိဆုံး အ​ဖော်​တစ်​​ယောက်​ဖြစ်​ခဲ့တယ်
အချိန်​​တွေကို ကုစားတယ်
ဒဏ်​ရာ​တွေကို ကုစားတယ်

အပြုံး​တွေကိုသယ်
ဆောင်​​ပေးတယ်

အားအင်​​တွေကိုဖြစ်​​ပေါ်​စေခဲ့တယ်

တချိန်​က စာအုပ်​​တွေ ထဲက
လူစွမ်း​ကောင်း​တွေ
ဘဝကို ခက်​ခက်​ခဲခဲ နဲ့ ရင်​ဆိုင်​ ​ကျော်​လွှာနိုင်​သူ​တွေကို
အားကျဖူးတယ်

သူတို့ရဲ့ လုပ်​ကိုင်​မှု​တွေ
ဖြတ်​ထိုးဉာဏ်​ ​တွေ
ထိုးထွင်းကြံဆ မှု​လေး​တွေ ကို အတုယူတယ်

တဖြည်းဖြည်း အသက်​​ရော
ကိုယ်ပိုင်​ဖြတ်​သန်းမှု​လေး​ရော ​ပေါင်းစပ်​တတ်​လာ​တော့
ကျွန်​​တော်​ သူတို့ကို အားမကျ​တော့
သူတို့ကို အတုယူလို့မရ​တော့ဘူး

စာအုပ်​စင်​​ပေါ်က အမှန်​တရားက
ကျွန်​​တော့်​လက်​ရှိဖြတ်​သန်းမှု​တွေထက်
ပိုမမှန်​ဘူး

ကျွန်​​တော်​ လူတချို့ကိုအားကျဖူးတယ်
ဒါ​ပေမယ့်​ ကျွန်​​တော်​ အားကျအတုယူချိန်​မှာပဲ
သူတို့ဟာ ​ပျောက်​ကွယ်​သွားကြပြီး

သူ့တို့ကျန်​တာ အမည်​နာမ်​မ ဂုဏ်​ဒြပ်​​တွေနဲ့
လမ်းစ​လေး​တွေ​ပေါ့

ကျွန်​​တော်​ ​နောက်​ဆုံးအနှစ်​ချုပ်​သိလိုက်​တာ

ကိုယ့်​ကိုယ်​ကို ​လေးစားနိုင်​ရမယ်
ယုံကြည်​နိုင်​ရမယ်
သူတပါးဆီက လက်​ဖြန့်​ပြီးမှ ရမယ်​​ပျော်​ရွှင်​မှုမျိုးက
ပို ပူ​လောင်​တယ်​ဆိုတာပါပဲ

    Crd ဘာမထီဘွား...အ​တွေးစာစု​လေးများ

No comments:

ဧက တွက်နည်း

 💥မြေဧက တွက်နည်း💥 မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်ရဲ့ ပုံသဏ္ဍန်က...