Tuesday, June 14, 2022

အိမ်

 

💖💖💖


ငယ်ငယ်တုန်းက

အိမ်ဆိုတာ အမေ

အမေဆိုတာ အိမ်လို့ပဲထင်တယ်။


အမေမရှိရင်

အိမ်ဆိုတာ ဘယ်ရှိလိမ့်မလဲ

အိမ်ပြန်မယ်လို့တာပြောတယ်

တကယ်တော့ အမေကိုရှာတာပါ။


အမေဘယ်မှာလဲ

အမေရှိတဲ့အရပ်က အိမ်ပေါ့။

အမေမရှိတဲ့အရပ် အိမ်မရှိဘူး။


ကြီးလာတော့လည်း

အမေဆိုတာ အိမ်

အိမ်ဆိုတာ အမေလို့ထင်နေတုန်းပဲ။

အမေမရှိရင် အိမ်မရှိဘူး။


အိမ်ကိုလွမ်းတယ်လို့သာပြောတယ်

တကယ်တော့ အမေကိုလွမ်းတာပါ။


အမေ့ကိုမတွေ့ရင် 

အမေ့ကို ရှာတယ်။

အမေ့ကို တွေ့မှ

အော်..အိမ်ပြန်ရောက်တယ်။


အင်း.... ဘာဖြစ်လို့

လူတွေက အခက်အခဲနဲ့ကြုံတဲ့အခါ

အိမ်ပြန်ချင်ကြပါလိမ့်။

အကြပ်အတည်းဆုံးနဲ့ ကြုံတဲ့အခါ

အမေ့ကိုအရင် သတိရကြပါလိမ့်။

ဘာမှမတတ်နိုင်ကြတဲ့အခါ

"အမေ့"လို့ တကြပါလိမ့်။


တစ်သက်ရှိခဲ့ပါပြီ

တမ်းတရင်း လွမ်းဆွတ်ရင်း

ဘယ်နေရာမှာ

လောကရဲ့အလှဆုံးအိမ်ရှိသလဲလို့

တမ်းတလွမ်းဆွတ်လာတာ တစ်သက်ရှိပါပြီ


ကျွန်တော်အကျယ်ကြီးပြောပါရစေ


အမေရဲ့နွေးထွေးတဲ့ရင်ခွင်ကမှ

ကျွန်တော်တစ်သက်တာအတွက်

အလုံးခြုံ အပျော်ရွှင်ဆုံး အိမ်ပါအမေ••••။💖

No comments:

ဧက တွက်နည်း

 💥မြေဧက တွက်နည်း💥 မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်ရဲ့ ပုံသဏ္ဍန်က...