Wednesday, June 12, 2019

မင်းဘူး - စကု ၂ မြို့ပေါင်းမှဖြစ်လာတဲ့မြို့နယ် အခြေအနေကြောင်းကြောင်းတွေကြောင့် ၂ မြို့ပေါင်းမှဖြစ်လာတဲ့မြို့နယ် ဘာဘဲဖြစ်ဖြစ် စကုကလူတွေဟာ သဘာဝအရကို ကြိုးစားအားထုတ်ဖို့၊ စုစည်းဖြစ်ဖို့ ဖန်တီးပေးထားသလိုပါဘဲ မင်းဘူးကို - ရုံးတက်ဖို့ဘဲဖြစ်ဖြစ် အစည်းအဝေးဘဲတက်တက် ရုံးကိစ္စရှိလို့သွားသွား အသွားအပြန် နေကိုမျက်နှာမူသွားရတယ်။ ရုံးဝန်ထမ်းတွေဆို ကြိုပို့ရုံးကားခ ပိုကုန်ရတယ်။ ဆိုင်ကယ်နဲ့ဆိုလည်း ဆီဖိုပိုကုန်ရတယ်။ ထမင်းစရိတ်ပိုကုန်ရတယ်။ မင်းဘူးကိုရောက်ဖို့ စရိတ်ပိုကုန်ရတယ်။ ပိုကြိုးစားအားထုတ်မှ မင်းဘူးရောက်ရတယ်ပေါ့။ ဘာကြောင့်သွားသွား မသွားခင် စုစည်းဖြစ်ကြတယ်။ စုစည်းဖြစ်တော့ သွားရတဲ့အကြောင်း ကြိုတင်တိုင်ပင်ဆွေးနွေးဖြစ်ကြတာပေါ့။ ပြန်လာတော့လည်း လမ်းမခွဲကြခင် ပြန်သုံးသပ်ဖြစ်ကြတာပေါ့။ ဒါ စကုဘက်ကလူတွေအတွက် အခြေအနေက ဖန်တီးပေးထားတဲ့ စုစည်းမှုပါ။ ဒီသဘာဝကို နားလည်းတဲ့သူတွေရှိသလို မျက်မုန်ကျိုးတဲ့သူတွေ နားမလည်နိုင်သူတွေလည်းရှိကြတယ်။ နောက်တစ်ချက်က စကုဆိုတာ ရွာကနေ ရပ်ကွက် ရပ်ကွက်ကနေမှ အုပ်ချုပ်ရေးမြင့်လာလို့ မြို့ဖြစ်ရတဲ့ မြို့မဟုတ်ဘူး။ မူလကတိုင် မြို့တည်ခဲ့တဲ့ သမိုင်းဝင် ထောင်ပြုမြို့ဖြစ်ခဲ့တဲ့ မြို့။ အဲဒီကနေမှ အုပ်ချုပ်မှုအဆင့် လျော့ကျခဲ့လို့ ချောင်ထိုးခံရသကဲ့သို့( မရည်ရွယ်သော်လည်း အခြေအနေက အဲဒီလိုဖြစ်ခဲ့ရတဲ့မြို့) ဒေသစွဲကြီးကြတာ အပြစ်မဟုတ်ပါဘူး။ တရားနည်းလမ်းကျစွာ ကြိုးစားအားထုတ်နေကြတာကိုလည်း နားလည်နိုင်ကြမယ်ထင်ပါတယ်။ ကိုယ့်ဒေသ တိုးတက်အောင်လုပ်တာ ဒေသသားတွေရဲ့ မွေးရာပါတာဝန်ပါ။ အဲဒီလိုဘဲ မွေးရပ်မြေတိုးတက်ဖို့ နောက်တစ်ဆင့် မွေးရာဒေသတိုးတက်ဖို့ နောက်တစ်ဆင့် မွေးရာတိုင်း၊ မွေးရာနိုင်ငံတိုးတက်ဖို့လုပ်ကြရမှာပါဘဲ။ မွေးရပ်မြေဆိုတာ ကိုယ့်ရဲ့ ဘူမိနက်သန်မြေပါ။ မွေးရပ်မြေကိုချစ်မှ မွေးရာဒေသကိုချစ်တတ်မှာပေါ့ မွေးရာဒေသကို ချစ်တတ်မှလည်း မွေးရာနိုင်ငံကို ချစ်တတ်တော့မပေါ့။ ဇာတိကိုချစ်တာနဲ့အတူ အမျိုးကိုလည်းချစ်တတ်မှာပေါ့။ ဇာတိကိုချစ်မှ ဇာတိကို ကာကွယ်စောင့်ရှောက်တော့မပေါ့။ အမျိုးကိုချစ်မှာလည်း အမျိုးကို ကာကွယ်စောင့်ရှောက်တော့မပေါ့။ စကုဆိုတာ ကြိုးစားအားထုတ်မှုကြောင့် အခုလို တည်တံ့နေတာပါ။ စကုချစ်စိတ်ဆိုတာ ဒေသချစ်စိတ်၊ နိုင်ငံချစ်စိတ်ရဲ့ အခြေခံအကြောင်းတရား၊ ဒီအကြောင်းတရားကို အကြောင်းပြုပြီးတော့ အခြားသူတွေရဲ့ သူတို့မွေးရပ်မြေ၊ သူတို့မွေးရာဒေသကို ချစ်တတ်တဲ့စိတ်ကိုလည်း လေးစားတန်ဖိုးထားပါတယ်။ Photo credit:Zaw Myo Oo

1 comment:

ဧက တွက်နည်း

 💥မြေဧက တွက်နည်း💥 မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်ရဲ့ ပုံသဏ္ဍန်က...