Tuesday, September 24, 2019

တကယ်ရှိနေကြပါတယ်

🍁ပြုံးပြဖို့မထိုက်တန်တဲ့သူတွေဟာ
🍁ကျွန်တော်တို့နားမှာတကယ်ရှိနေတယ်...  

🍁ကျွန်တော်ဟာတချို့လူတွေရဲ့ရှေ့မှာ 
🍁သိပ်ဖော်ရွေပြီးခင်မင်စရာကောင်းတဲ့သူ 
🍁ဖြစ်ချင်ဖြစ်နေပြီးတော့……

🍁တချို့တွေအတွက်တော့ 
🍁အကြောတင်းမာနကြီးတဲ့သူမျိုး  ဖြစ်ချင်ဖြစ်နေမယ်
🍁ကျွန်တော့်အတွက်.. ကိစ္စမရှိဘူး!

🍁သူတို့မြင်ရတဲ့ပုံစံကို 
🍁ကိုယ်ရွေးချယ်လိုက်တာမဟုတ်ဘူး။
🍁သူတို့ကိုယ်တိုင်တောင်းဆိုသွားတာ.. 

🍁သူတို့ရဲ့ပုံစံတုံ့ပြန်ဆက်ဆံပုံကို
🍁မူတည်ပြီးတော့ကိုယ့်(version) ကို 
🍁ပြောင်းလိုက်ရတယ်.... 

🍁မလိုအပ်ဘဲထပ်မပြုံးပြတော့ဘူး... 

🍁ငယ်ငယ်လေးတုန်းကမိဘဆွေမျိုးတွေ 
🍁အမြဲသွန်သင်ခဲ့တာက 
🍁လူတိုင်းနဲ့တည့်အောင်နေဖို့ 
🍁တစ်ဖက်သားကိုထည့်တွက်ဖို့..
🍁စာနာတတ်ဖို့၊အားနာတတ်ဖို့ပေါ့.. 

🍁အရွယ်ရောက်လာတော့... လောကကို 
🍁ကိုယ်ကအမြဲတမ်းဖော်ရွေပြရတာ
🍁ကိုယ့်ကိုထိခိုက်တတ်မှန်းသဘောပေါက်လာတယ်... 

🍁ချနင်းခံရတယ်... 
🍁အားမနာလျှာမကျိုးစော်ကားမော်ကား
🍁ပြုချင်တာတွေကြုံလာရတယ်... 

🍁အားနာတတ်တဲ့ဝသီအောက်မှာ
🍁ခုတုံးလုပ်ခံအနစ်နာခံရတာတွေ
🍁ထပ်ခါတလဲလဲဖြစ်လာတယ်... 

🍁အဲဒီ…… 
🍁အထပ်အထပ်အခါခါတွေနောက်မှာ
🍁လူတိုင်းနဲ့အဆင်ပြေနေဖို့မလိုဘူးလို့သိလာတယ်.. 

🍁လူတိုင်းဟာ 
🍁ကိုယ်နဲ့သင့်သင့်မြတ်မြတ်ဖြစ်နေဖို့
🍁အဆင်သင့်ဖြစ်မနေဘူး... 

🍁ကိုယ်မတည့်ချင်တဲ့သူနဲ့ဆို..
🍁သေသေချာချာမတည့်အောင်နေပစ်လိုက်တယ်...

🍁အားနာတတ်လွန်းတဲ့  ကျွန်တော်ဟာ
🍁အကြောတင်းတဲ့သူဖြစ်လာဖို့သင်ကြားခံရတယ်...  
🍁တချို့တွေအတွက်ပေါ့လေ..)

🍁ပေါင်းသင်းဆက်ဆံရေးမှာတစ်ဖက်လူကို 
🍁အမြဲထည့်ပြီးစဉ်းစားပေးတတ်တဲ့သူ၊
🍁အားနာတတ်တဲ့သူ၊သနားတတ်တဲ့သူကဘာဖြစ်လဲသိလား  

🍁ဘာဖြစ်လဲဆိုတော့... အမြဲခံရတာပေါ့.. 

🍁ကိုယ်ထည့်တွက်စဉ်းစားပေးသမျှကို
🍁တစ်ဖက်ကအားနာသမှုလေးနဲ့တောင်
🍁ဘာမှအရေးမလုပ်ပဲလုပ်ချသွားတာတွေ
🍁ခဏခဏကြုံရတတ်တယ်... 

🍁တခါတေလ
🍁ကိုယ့်အားနာတတ်မှု၊စာနာတတ်မှုဟာ
🍁အရင်းတောင်မပေါ်ဘူး...

🍁တချို့တွေရဲ့ချနင်းတဲ့အကွက်တွေမှာ
🍁စုန်းစုန်းကိုမြုပ်လို့.... 

🍁ကိုယ်ကတစ်ဖြောင့်တည်းစီးနေချိန်မှာ
🍁သူတို့ကနောက်ကွယ်ကနေ
🍁အများကြီးကွေ့ကောက်ပြီးနေခဲ့ကြပြီ.. .. 

🍁ဝမ်းနည်းစွာလက်ခံလာရတာက
🍁မထင်ထားတဲ့သီအိုရီကကိုယ့်အတွက်
🍁အမြဲအဆင်မပြေဘူးဆိုတာပါပဲ... 

🍁ဘယ်သူကဆင်မှန်း၊ဘယ်သူကသမင်မှန်း
🍁မကွဲပြားတော့တဲ့ဒီကမ္ဘာမှာ
🍁ကိုယ့်ရဲ့အားနာဖော်ရွေတတ်မှုဟာ
🍁ကိုယ့်ကိုကောင်းကောင်းဒုက္ခရောက်စေတော့တာပဲ... 

🍁အဲဒီတည်းက...
🍁ကိုယ့်ဖက်ကပြန်တုံ့ပြန်မယ့်
🍁ဆက်ဆံရေးကို(Reflection) တစ်ခုလိုခံယူလိုက်တယ်..

🍁ကိုယ့်မျက်နှာပြင်ပေါ်မဖြာကျလာတဲ့ 
🍁ဘယ်အလင်းတန်းအတွက်မှ
🍁တစ်ဖက်သတ်အလင်းပြန်ပေးမနေတော့ဘူး... 

🍁အရင်ကလိုကိုယ့်အတွက် 
🍁ဘယ်တော့မှမစဉ်းစားပေးပေမယ့်လည်း 
🍁ကိုယ့်ဖက်ကပျူပျူငှာငှာနဲ့
🍁ဖက်တွယ်ထားမိတဲ့ဆက်ဆံရေးမျိုးတွေကို
🍁လွှတ်ချခဲ့လိုက်တော့တာပါပဲ.. 

🍁တချို့တွေရဲ့စိတ်သေးသိမ်မှုတွေကိုလည်း
🍁သိပ်ခံစားပြီးတုံ့ပြန်မနေတော့ဘူး... 

🍁တစ်ကိုယ်စာကျစ်လစ်မှုအတွက်တောင်
🍁မနည်းကိုရုန်းကန်အားထုတ်နေရတဲ့သူတို့တွေ
🍁ကိုယ့်တုံ့ပြန်မှုအောက်မှာမရှုမလှဖြစ်ကြရမှာကိုသနားလို့... 

🍁အဲဒီမတုံ့ပြန်မှုကပဲ……
🍁သူတို့နဲ့ထိုက်တန်တဲ့……
🍁အကောင်းဆုံးတုံ့ပြန်မှုဖြစ်မယ်ထင်တာပဲ.. 

🍁စနစ်တကျအဖက်မလုပ်ခြင်းပါ.. 

🍁ကိုယ့်ကိုယ်ကိုခဏခဏသတိပေးရတယ်...
🍁မလိုအပ်တဲ့လူတွေအတွက်
🍁ကိုယ့်ဖော်ရွေမှုတွေကိုအလဟဿမဖြုန်းတီးမိဖို့...

🍁ကျွန်တော့်ဖော်ရွေမှုက
🍁ခင်ဗျားနဲ့မထိုက်တန်ရင်တော့
🍁ခင်ဗျားလက်လှမ်းမှီမှာမဟုတ်ဘူးပေါ့..

🍁ဘယ်သူဘာမြင်မြင်ဘယ်လိုပြောပြော
🍁ဂရုမစိုက်ချင်တော့ဘူး... 

🍁သူကောင်းကောင်းမကောင်းကောင်း
🍁ကိုယ်ကကောင်းပြချင်တဲ့သူရယ်၊ 
🍁ကိုယ့်အပေါ်ကောင်းတဲ့သူတွေရယ်အတွက်လောက်ပဲ...
🍁ကျွန်တော်အကောင်းဆုံးကောင်းပြချင်တော့တယ်.. 

🍁ကျန်တဲ့သူတွေအတွက်ကတော့....
🍁ဝေးချင်လည်းဝေး...

🍁ဘယ်လောက်ပဲဝေးရရ..
🍁ဘယ်လောက်အမုန်းတီးခံရရ
🍁စိတ်ဝင်တစားမရှိချင်တော့.. 

🍁တခါတေလ……
🍁ရိုင်းတယ်ထင်ရင်ရိုင်းတယ်မှတ်ပါ.. 

🍁လိုအပ်ရင်... ကျွန်တော်ရိုင်းပြပါ့မယ်.. 

🍁အဲဒီရိုင်းပျမှုက
🍁ခင်ဗျားနဲ့ထိုက်တန်ရင်
🍁ခင်ဗျားဆီဆိုက်ဆိုက်မြိုက်မြိုက် 
🍁ရောက်လာပါလိမ့်မယ်..

🍁ကျွန်တော်အဲလိုမဖြစ်ချင်ပါဘူး...
🍁တကယ်မဖြစ်ချင်ပါဘူး..

🍁ဒါပေမယ့် 
🍁ကျွန်တော့်မှာရွေးချယ်စရာမှမရှိတာ... 

🍁တကယ်လို့ခင်ဗျားနဲ့ကျွန်တော့်ကြား
🍁မသင့်မြတ်ဖို့အကြောင်းဖန်လာခဲ့ရင် 
🍁အဲဒီအကြောင်းတရားက 
🍁ကျွန်တော်နဲ့ချည်းမဟုတ်ဘဲခင်ဗျားနဲ့လည်း 
🍁အများကြီးသက်ဆိုင်ကြောင်းသိစေချင်တယ်.. 

🍁ပျော်ရွှင်ခင်မင်စရာဆက်ဆံရေးမျိုးကိုဘဲ
🍁ကျွန်တော်တို့ကြားထားချင်ပါတယ်..

🍁နှစ်ဦးနှစ်ဖက်သင့်တင့်မျှတစွာ 
🍁နားလည်ပေးတတ်တဲ့
🍁ဆက်ဆံရေးမျိုးမှာပဲစီးမြောချင်ပါတယ်..

🍁ကျွန်တော့်ယဉ်ကျေးမှုဟာခင်ဗျားရဲ့
🍁တုံ့ပြန်မှုပေါ်မူတည်ပါလိမ့်မယ်... 

🍁ကျွန်တော်သိပ်ကိုယဉ်ယဉ်ကျေးကျေး
🍁ရှိချင်ပါတယ်..

🍁သိပ်ကိုဖော်ရွေပြချင်ပါတယ်...

🍁အဲဒီအခွင့်အရေးကို
🍁ခင်ဗျားကပေးရင်ပေါ့လေ...

Credit-Thi Ha🇲🇲

အားနာမိတယ်😣

လစာလေး နှစ်သိန်းဝန်းကျင် မလောက်မငနဲ့ အိမ်ကို
 ပြန်မထောက်နိုင်ခဲ့တဲ့ အတွက် အားနာတယ်။

ဘယ်လို အမှတ်ပေးလို့ ပေးမှန်းမသိ နာမည်ပါရင်
 အောင်တဲ့ စာမေးပွဲစနစ်ကြီးမှာ ရငှ်းှနှီးမြှုပ်နှံမှု အလွဲကြီးနဲ့ အပြုံးမပျက်တဲ့ မိဘတွေကို အားနာတယ်။

ကျောင်းသားဘဝ သုံးစရာမရှိရင် တောင်းရဲပေမယ့်
၁သိန်းကျော်တန် ဘဝမှာ ကျနော် သုံးစရာမရှိတော့ဘူး
 ပြောဖို့ အားနာလာတယ်။

ဆယ်တန်းတောင် မအောင်တဲ့ ရပ်ကွက်ထဲကကလေး တလ သိန်း၄၀ နဲ့ ကိုရီးယားကနေ သူ့မိဘတွေကို
 ထောက်ပံ့နေတဲ့ အချိန် မသိနားမလည်နိုင်ဘဲ
 ရည်မှန်းချက်ကိုပဲ ရှေ့တန်းတင်နေတဲ့ မိမိအတ္တအတွက် အားနာတယ်။

စာတွေကျက် ဂျူတီတွေပဲဆင်းရင်း အိမ်ထောင်ရေး/လူမူ​ရေး/စီးပွား​ရေး ​တွေကို အချိန်​မ​ပေးနိုင်​လို့ ကိုယ့်​ကိုယ်​ကို လည်းအားနာတယ်​။

နေ့တိုင်း အဆင်ပြေလား ​မေးတတ်တဲ့  မိဘတွေကို
 ဂျူတီဆင်းပြီး ပြန်အိပ်ရတဲ့ အချိန် စကားလာ​ပြောရင်
 ကျ​တော်​အိပ်နေတယ်ဗျာလို့ အော်မိတတ်တဲ့ အတွက် အားနာတယ်။

ကျမသား​လေးက ​ကျောင်းpp​လေ ဘယ်မှာ
တာဝန်ကျနေတာဆိုတဲ့ ဂုဏ်ယူစရာ အာ့တခုပဲ
 ပြောစရာရှိတဲ့ မိဘတွေအတွက် အားနာတယ်

အရာအရာအားလုံးအတွက် တကယ်အားနာတယ်။

တခုပါပဲ အသက်ရှည်ရှည်နေပေးကြပါ

#Credit_Original

ဧက တွက်နည်း

 💥မြေဧက တွက်နည်း💥 မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်ရဲ့ ပုံသဏ္ဍန်က...