လစာလေး နှစ်သိန်းဝန်းကျင် မလောက်မငနဲ့ အိမ်ကို
ပြန်မထောက်နိုင်ခဲ့တဲ့ အတွက် အားနာတယ်။
ဘယ်လို အမှတ်ပေးလို့ ပေးမှန်းမသိ နာမည်ပါရင်
အောင်တဲ့ စာမေးပွဲစနစ်ကြီးမှာ ရငှ်းှနှီးမြှုပ်နှံမှု အလွဲကြီးနဲ့ အပြုံးမပျက်တဲ့ မိဘတွေကို အားနာတယ်။
ကျောင်းသားဘဝ သုံးစရာမရှိရင် တောင်းရဲပေမယ့်
၁သိန်းကျော်တန် ဘဝမှာ ကျနော် သုံးစရာမရှိတော့ဘူး
ပြောဖို့ အားနာလာတယ်။
ဆယ်တန်းတောင် မအောင်တဲ့ ရပ်ကွက်ထဲကကလေး တလ သိန်း၄၀ နဲ့ ကိုရီးယားကနေ သူ့မိဘတွေကို
ထောက်ပံ့နေတဲ့ အချိန် မသိနားမလည်နိုင်ဘဲ
ရည်မှန်းချက်ကိုပဲ ရှေ့တန်းတင်နေတဲ့ မိမိအတ္တအတွက် အားနာတယ်။
စာတွေကျက် ဂျူတီတွေပဲဆင်းရင်း အိမ်ထောင်ရေး/လူမူရေး/စီးပွားရေး တွေကို အချိန်မပေးနိုင်လို့ ကိုယ့်ကိုယ်ကို လည်းအားနာတယ်။
နေ့တိုင်း အဆင်ပြေလား မေးတတ်တဲ့ မိဘတွေကို
ဂျူတီဆင်းပြီး ပြန်အိပ်ရတဲ့ အချိန် စကားလာပြောရင်
ကျတော်အိပ်နေတယ်ဗျာလို့ အော်မိတတ်တဲ့ အတွက် အားနာတယ်။
ကျမသားလေးက ကျောင်းppလေ ဘယ်မှာ
တာဝန်ကျနေတာဆိုတဲ့ ဂုဏ်ယူစရာ အာ့တခုပဲ
ပြောစရာရှိတဲ့ မိဘတွေအတွက် အားနာတယ်
အရာအရာအားလုံးအတွက် တကယ်အားနာတယ်။
တခုပါပဲ အသက်ရှည်ရှည်နေပေးကြပါ
#Credit_Original
No comments:
Post a Comment