🍁ပြုံးပြဖို့မထိုက်တန်တဲ့သူတွေဟာ
🍁ကျွန်တော်တို့နားမှာတကယ်ရှိနေတယ်... ။
🍁ကျွန်တော်ဟာတချို့လူတွေရဲ့ရှေ့မှာ
🍁သိပ်ဖော်ရွေပြီးခင်မင်စရာကောင်းတဲ့သူ
🍁ဖြစ်ချင်ဖြစ်နေပြီးတော့……
🍁တချို့တွေအတွက်တော့
🍁အကြောတင်းမာနကြီးတဲ့သူမျိုး ဖြစ်ချင်ဖြစ်နေမယ်။
🍁ကျွန်တော့်အတွက်.. ကိစ္စမရှိဘူး!
🍁သူတို့မြင်ရတဲ့ပုံစံကို
🍁ကိုယ်ရွေးချယ်လိုက်တာမဟုတ်ဘူး။
🍁သူတို့ကိုယ်တိုင်တောင်းဆိုသွားတာ.. ။
🍁သူတို့ရဲ့ပုံစံ၊တုံ့ပြန်ဆက်ဆံပုံကို
🍁မူတည်ပြီးတော့ကိုယ့်(version) ကို
🍁ပြောင်းလိုက်ရတယ်.... ။
🍁မလိုအပ်ဘဲထပ်မပြုံးပြတော့ဘူး... ။
🍁ငယ်ငယ်လေးတုန်းကမိဘဆွေမျိုးတွေ
🍁အမြဲသွန်သင်ခဲ့တာက
🍁လူတိုင်းနဲ့တည့်အောင်နေဖို့၊
🍁တစ်ဖက်သားကိုထည့်တွက်ဖို့..
🍁စာနာတတ်ဖို့၊အားနာတတ်ဖို့ပေါ့.. ။
🍁အရွယ်ရောက်လာတော့... လောကကို
🍁ကိုယ်ကအမြဲတမ်းဖော်ရွေပြရတာ
🍁ကိုယ့်ကိုထိခိုက်တတ်မှန်းသဘောပေါက်လာတယ်... ။
🍁ချနင်းခံရတယ်...
🍁အားမနာလျှာမကျိုးစော်ကားမော်ကား
🍁ပြုချင်တာတွေကြုံလာရတယ်... ။
🍁အားနာတတ်တဲ့ဝသီအောက်မှာ
🍁ခုတုံးလုပ်ခံ၊အနစ်နာခံရတာတွေ
🍁ထပ်ခါတလဲလဲဖြစ်လာတယ်... ။
🍁အဲဒီ……
🍁အထပ်အထပ်အခါခါတွေနောက်မှာ
🍁လူတိုင်းနဲ့အဆင်ပြေနေဖို့မလိုဘူးလို့သိလာတယ်.. ။
🍁လူတိုင်းဟာ
🍁ကိုယ်နဲ့သင့်သင့်မြတ်မြတ်ဖြစ်နေဖို့
🍁အဆင်သင့်ဖြစ်မနေဘူး... ။
🍁ကိုယ်မတည့်ချင်တဲ့သူနဲ့ဆို..
🍁သေသေချာချာမတည့်အောင်နေပစ်လိုက်တယ်...။
🍁အားနာတတ်လွန်းတဲ့ ကျွန်တော်ဟာ
🍁အကြောတင်းတဲ့သူဖြစ်လာဖို့သင်ကြားခံရတယ်... ။
🍁( တချို့တွေအတွက်ပေါ့လေ..)
🍁ပေါင်းသင်းဆက်ဆံရေးမှာတစ်ဖက်လူကို
🍁အမြဲထည့်ပြီးစဉ်းစားပေးတတ်တဲ့သူ၊
🍁အားနာတတ်တဲ့သူ၊သနားတတ်တဲ့သူကဘာဖြစ်လဲသိလား ။
🍁ဘာဖြစ်လဲဆိုတော့... အမြဲခံရတာပေါ့.. ။
🍁ကိုယ်ထည့်တွက်စဉ်းစားပေးသမျှကို
🍁တစ်ဖက်ကအားနာသမှုလေးနဲ့တောင်
🍁ဘာမှအရေးမလုပ်ပဲလုပ်ချသွားတာတွေ
🍁ခဏခဏကြုံရတတ်တယ်... ။
🍁တခါတေလ
🍁ကိုယ့်အားနာတတ်မှု၊စာနာတတ်မှုဟာ
🍁အရင်းတောင်မပေါ်ဘူး...။
🍁တချို့တွေရဲ့ချနင်းတဲ့အကွက်တွေမှာ
🍁စုန်းစုန်းကိုမြုပ်လို့.... ။
🍁ကိုယ်ကတစ်ဖြောင့်တည်းစီးနေချိန်မှာ
🍁သူတို့ကနောက်ကွယ်ကနေ
🍁အများကြီးကွေ့ကောက်ပြီးနေခဲ့ကြပြီ.. .. ။
🍁ဝမ်းနည်းစွာလက်ခံလာရတာက
🍁မထင်ထားတဲ့သီအိုရီကကိုယ့်အတွက်
🍁အမြဲအဆင်မပြေဘူးဆိုတာပါပဲ... ။
🍁ဘယ်သူကဆင်မှန်း၊ဘယ်သူကသမင်မှန်း
🍁မကွဲပြားတော့တဲ့ဒီကမ္ဘာမှာ
🍁ကိုယ့်ရဲ့အားနာဖော်ရွေတတ်မှုဟာ
🍁ကိုယ့်ကိုကောင်းကောင်းဒုက္ခရောက်စေတော့တာပဲ... ။
🍁အဲဒီတည်းက...
🍁ကိုယ့်ဖက်ကပြန်တုံ့ပြန်မယ့်
🍁ဆက်ဆံရေးကို(Reflection) တစ်ခုလိုခံယူလိုက်တယ်..။
🍁ကိုယ့်မျက်နှာပြင်ပေါ်မဖြာကျလာတဲ့
🍁ဘယ်အလင်းတန်းအတွက်မှ
🍁တစ်ဖက်သတ်အလင်းပြန်ပေးမနေတော့ဘူး... ။
🍁အရင်ကလိုကိုယ့်အတွက်
🍁ဘယ်တော့မှမစဉ်းစားပေးပေမယ့်လည်း
🍁ကိုယ့်ဖက်ကပျူပျူငှာငှာနဲ့
🍁ဖက်တွယ်ထားမိတဲ့ဆက်ဆံရေးမျိုးတွေကို
🍁လွှတ်ချခဲ့လိုက်တော့တာပါပဲ.. ။
🍁တချို့တွေရဲ့စိတ်သေးသိမ်မှုတွေကိုလည်း
🍁သိပ်ခံစားပြီးတုံ့ပြန်မနေတော့ဘူး... ။
🍁တစ်ကိုယ်စာကျစ်လစ်မှုအတွက်တောင်
🍁မနည်းကိုရုန်းကန်အားထုတ်နေရတဲ့သူတို့တွေ
🍁ကိုယ့်တုံ့ပြန်မှုအောက်မှာမရှုမလှဖြစ်ကြရမှာကိုသနားလို့... ။
🍁အဲဒီမတုံ့ပြန်မှုကပဲ……
🍁သူတို့နဲ့ထိုက်တန်တဲ့……
🍁အကောင်းဆုံးတုံ့ပြန်မှုဖြစ်မယ်ထင်တာပဲ.. ။
🍁စနစ်တကျအဖက်မလုပ်ခြင်းပါ.. ။
🍁ကိုယ့်ကိုယ်ကိုခဏခဏသတိပေးရတယ်...
🍁မလိုအပ်တဲ့လူတွေအတွက်
🍁ကိုယ့်ဖော်ရွေမှုတွေကိုအလဟဿမဖြုန်းတီးမိဖို့...။
🍁ကျွန်တော့်ဖော်ရွေမှုက
🍁ခင်ဗျားနဲ့မထိုက်တန်ရင်တော့
🍁ခင်ဗျားလက်လှမ်းမှီမှာမဟုတ်ဘူးပေါ့..။
🍁ဘယ်သူဘာမြင်မြင်ဘယ်လိုပြောပြော
🍁ဂရုမစိုက်ချင်တော့ဘူး... ။
🍁သူကောင်းကောင်းမကောင်းကောင်း
🍁ကိုယ်ကကောင်းပြချင်တဲ့သူရယ်၊
🍁ကိုယ့်အပေါ်ကောင်းတဲ့သူတွေရယ်အတွက်လောက်ပဲ...
🍁ကျွန်တော်အကောင်းဆုံးကောင်းပြချင်တော့တယ်.. ။
🍁ကျန်တဲ့သူတွေအတွက်ကတော့....
🍁ဝေးချင်လည်းဝေး...။
🍁ဘယ်လောက်ပဲဝေးရရ..
🍁ဘယ်လောက်အမုန်းတီးခံရရ
🍁စိတ်ဝင်တစားမရှိချင်တော့.. ။
🍁တခါတေလ……
🍁ရိုင်းတယ်ထင်ရင်ရိုင်းတယ်မှတ်ပါ.. ။
🍁လိုအပ်ရင်... ကျွန်တော်ရိုင်းပြပါ့မယ်.. ။
🍁အဲဒီရိုင်းပျမှုက
🍁ခင်ဗျားနဲ့ထိုက်တန်ရင်
🍁ခင်ဗျားဆီဆိုက်ဆိုက်မြိုက်မြိုက်
🍁ရောက်လာပါလိမ့်မယ်..။
🍁ကျွန်တော်အဲလိုမဖြစ်ချင်ပါဘူး...
🍁တကယ်မဖြစ်ချင်ပါဘူး..။
🍁ဒါပေမယ့်
🍁ကျွန်တော့်မှာရွေးချယ်စရာမှမရှိတာ... ။
🍁တကယ်လို့ခင်ဗျားနဲ့ကျွန်တော့်ကြား
🍁မသင့်မြတ်ဖို့အကြောင်းဖန်လာခဲ့ရင်
🍁အဲဒီအကြောင်းတရားက
🍁ကျွန်တော်နဲ့ချည်းမဟုတ်ဘဲခင်ဗျားနဲ့လည်း
🍁အများကြီးသက်ဆိုင်ကြောင်းသိစေချင်တယ်.. ။
🍁ပျော်ရွှင်ခင်မင်စရာဆက်ဆံရေးမျိုးကိုဘဲ
🍁ကျွန်တော်တို့ကြားထားချင်ပါတယ်..။
🍁နှစ်ဦးနှစ်ဖက်သင့်တင့်မျှတစွာ
🍁နားလည်ပေးတတ်တဲ့
🍁ဆက်ဆံရေးမျိုးမှာပဲစီးမြောချင်ပါတယ်..။
🍁ကျွန်တော့်ယဉ်ကျေးမှုဟာခင်ဗျားရဲ့
🍁တုံ့ပြန်မှုပေါ်မူတည်ပါလိမ့်မယ်... ။
🍁ကျွန်တော်သိပ်ကိုယဉ်ယဉ်ကျေးကျေး
🍁ရှိချင်ပါတယ်..။
🍁သိပ်ကိုဖော်ရွေပြချင်ပါတယ်...။
🍁အဲဒီအခွင့်အရေးကို
🍁ခင်ဗျားကပေးရင်ပေါ့လေ...။
Credit-Thi Ha🇲🇲
No comments:
Post a Comment