Tuesday, June 14, 2022

ခွန်အားဖြည့်စာပေ

 #အီရန်••••


အီရန်နိူင်ငံမှာ ၁၆ နှစ်အောက်

ကလေးတစ်ယောက် ခိုးမှုပဲဖြစ်ဖြစ် 

လုယက်မှုပဲဖြစ်ဖြစ်


တစ်စုံတစ်ခု  အမှားကျူးလွန်

မိတဲ့အခါ 


ပြစ်မှုဟာ အရမ်း

မကြီးကျယ်ဘူးဆိုရင် ပြစ်ဒဏ်

ပေးလေ့ရှိတာကတော့..

#စာဖတ်ဒဏ်# ပါပဲ။


အစိုးရကပေးတဲ့ စာအုပ်တွေကို

ပြီးအောင် ဖတ်ပြီး မိမိရဲ့အတွေး

အမြင်တွေ ထင်မြင်ယူဆချက်

တွေကို တစ်ဖန်ပြန်လည် တင်ပြရ

သတဲ့။


#ရိုးမေနီးယား••


တကယ်လို့သင်ဟာ ရိုးမေနီးယား

နိူင်ငံကို သွားလည်တဲ့သူဆိုရင်

စာကြည့်တိုက် သို့မဟုတ် စာအုပ်

ဆိုင်ထဲ ရောက်သွားသလားလို့

ထင်မှတ်မှားပြီး စကားကျယ်ကျယ်

မပြောရဲ  ဖြစ်နေပါလိမ့်မယ်။

လူတိုင်း  အာရုံစိုက်ပြီး စာဖတ်

နေကြလို့ပါ။

ပြီးတော့ .. ဘက်စ်ကားစီးရင်း

စာအုပ်ဖတ်နေရင်

'ကားခ  အခမဲ့ပါ'တဲ့။


ဂျူးလူမျိုး တစ်ယောက်ဟာ••

တစ်နှစ်ကို  ပျမ်းမျှ စာအုပ်

၆၄ အုပ် ဖတ်ကြပါတယ်။

သူတောင်းစားက အစ

စာအုပ် လက်နဲ့မကွာတဲ့

လူမျိုးစုတွေပါ။


#ဂျာမနီ•••


ဂျာမနီလူမျိုး ၅၀ % ဟာ

ပုံမှန် စာအုပ် ဝယ်ဖတ်ကြပြီး

၃၀%က နေ့တိုင်း စာဖတ်သူတွေပါ။

မိသားစု တစ်စုတိုင်းမှာ

ပျမ်းမျှ စာအုပ် အုပ်ရေ ၃၀၀ ခန့်

စုဆောင်း  ထားတတ်ကြပါသတဲ့။


#ဂျပန်••


သူတို့ေကတာ့ 

ကားစောင့်နေရင်းပဲ ဖြစ်ဖြစ်

ဘက်စ်ကားစီးရင်းပဲ ဖြစ်ဖြစ်

ကလေးသူငယ်တွေက  အစ 

စာဖတ်ရင်း

အချိန်ကုန်ခံလေ့ ရှိကြပါတယ်။

ကမ္ဘာ့ စာအုပ် ရောင်းအား

အကောင်းဆုံးနဲ့

စာဖတ်အား အကောင်းဆုံး

နိုင်ငံဆိုလည်း  မမှားပါဘူး။

စက်မှုသိပ္ပံတွေထွန်းကားတဲ့နိုင်ငံမှာ

ကမ္ဘာ့စာဖတ်အား  အကောင်းဆုံး

ဆိုတဲ့ ဂုဏ်ဟာ  လူတိုင်းကို

မှင်သက်စေပါတယ်။

နောက်ပြီး

စာအုပ်စျေးနှုန်းတွေကလည်း

အရမ်းမြင့်တတ်ကြပေမယ့်

စာအုပ်ဆိုင်တွေမှာ အမြဲလိုလို

လူပြည့်နေတတ်ပြီး စာအုပ်ဝယ်ဖို့

တန်းစီ ရပ်စောင့်နေရတဲ့

လူမျိုးစုတွေပါ။


#ကိုယ်တို့ မြန်မာလူမျိုးတွေ

စာဖတ်အား အရမ်းနည်းနေကြပြီ။


* စာဖတ်ခြင်းဟာ

   အလွယ်ကူဆုံးခရီးသွားခြင်းပဲ။


* စာဖတ်ခြင်းဟာ .. အမြန်ဆုံး

   အတွေးအခေါ် ရင့်ကျက်

   စေခြင်းပဲ။


#ကိုယ်တို့••

မြန်မာပြည်သူပြည်သားတွေ

အားလုံး  စာဖတ်ကြပါစို့လို့

တိုက်တွန်းပါရစေ••


စာပေဝါသနာရှင်များအား

ကျေးဇူးအထူးတင်ပါတယ် ။


စာပေနှင့်ဘဝ ကိုတည်ဆောက်ပါ••


✍✍✍✍✍✍✍✍✍

#credit

No comments:

ဧက တွက်နည်း

 💥မြေဧက တွက်နည်း💥 မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်ရဲ့ ပုံသဏ္ဍန်က...