Wednesday, June 15, 2022

ကျွန်တော့ မှာဒါပဲ ရှိတာလေ

 ကျွန်တော့်မှာ ဒါပဲ ရှိတာလေ ...


ဒီစကားကို 

ခင်ဗျား ကြားဖူးရဲ့လား 


မျက်ရည်တွေကျပြီး 

ငိုနေတဲ့ လူတစ်ယောက်ကို 

မငိုနဲ့လို့ တားမိသွားတဲ့အခါ 


ငါ့မှာ ငိုလို့ပဲ ရတာလေဆိုပြီး ပြန်ပြောရင်

ကျေးဇူးပြုပြီးတော့ 

မတားတော့တာ ကောင်းမယ် 


လွမ်းနေတဲ့ အကြောင်းတွေ

နာကျင်နေရတာတွေ 

ဘယ်သူ့ကိုမှ ပြောပြလို့မရသလို

အဆင်ပြေပါတယ်ဆိုတဲ့စကားပဲ 

သုံးနေရတဲ့လူတစ်ယောက်အတွက် 

မျက်ရည်တွေ ပေးကျလိုက်ပါဗျာ ...


အရက် ခွက်ကိုင်ပြီး ငါ့မှာ ဒီတစ်ခုပဲရှိတာလေဆိုရင်

မသောက်နဲ့လို့ မတားနဲ့တော့

သောက်ပါစေ 

ပြီးရင် ... မှောက်ပါစေ


သူ မှောက်သွားတဲ့အခါ 

အရာရာကို ခဏတော့ မေ့သွားလိမ့်မယ် 

ပြီးရင် သူ အိပ်ပျော်သွားလိမ့်မယ် ။ 


ဆေးလိပ်သောက်နေတဲ့ လူတစ်ယောက်က 

ကျွန်တော့်မှာ ဒါပဲရှိတာလေဆိုပြီးပြောရင်

ထားလိုက်ပါတော့ ...


ပြောချင်တဲ့ စကားတွေအများကြီးကို

မြိုသိပ်ထားတဲ့ လူမှာ

ဆေးလိပ်ငွေ့တွေနဲ့ အတူ 

သက်ပြင်းတွေ ချရုံကလွဲရင် 

တခြား တကယ် ဘာများတတ်နိုင်မှာ မို့လို့လဲ ...


ကျွန်တော့်မှာ ...

ဒါပဲ ရှိတာလေ ....


မျှော်လင့်ထားတဲ့ အရာရာကို 

ဆုံးရှုံးပြီးသွားတဲ့အခါမှာ

ဖြေသိမ့်စရာ တစ်ခုခုတော့ လိုမယ်မဟုတ်လား


တခြားအရာတွေက 

နာကျင်စရာတွေ အများကြီးပေးပြီးသွားပြီလေ

တစ်ခုခုဖြစ်မယ်ဆိုရင်တောင် 

ကျွန်တော် ဆက်ပြီးလုပ်နေလို့ ရတယ် မဟုတ်လား


စကားတွေ အများကြီး မြိုသိပ်ထားတဲ့လူအတွက်

ဆေးလိပ်သောက်ချင်ယောင်ပြီး 

သက်ပြင်းချလိုက်လို့ ရတယ်မဟုတ်လား ။


အိပ်မပျော်နိုင်အောင် နာကျင်နေရတဲ့လူအတွက်

အရက်တွေသောက်ပြီး 

မူးရင် အိပ်သွားလိမ့်မယ်ဆိုပြီး မိုက်လို့ရတယ်မဟုတ်လား


ဘယ်သူ့ကို ပြောပြလို့ ပြောပြရမှန်းမသိတဲ့

အဆင်မပြေမှုတွေအတွက်

ငိုချလို့လဲ ရတယ်မဟုတ်လား ...


အမှန်ပြောပြရရင် 

ကျွန်တော့်မှာ ဒါပဲ ရှိတာလေ။ 


#ကျေးကို 


(ရင်နှင့်ရင်း၍ရေးသည်)

No comments:

ဧက တွက်နည်း

 💥မြေဧက တွက်နည်း💥 မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်ရဲ့ ပုံသဏ္ဍန်က...