Wednesday, June 15, 2022

ရှင်လျှက်နဲ့ သေဆုံးခြင်းဆိုတာ

 ရှင်နေလျက်နဲ့ 

သေဆုံးခြင်းဆိုတာ 

ခင်ဗျားယုံလား 


ကျွန်တော်ကတော့ ယုံတယ် 

လူတစ်ယောက်


မျှော်လင့်ချက်တွေ မဲ့သွားတဲ့အခါ 

ဒါမှမဟုတ် 

မျှော်လင့်ချက်တွေထားခဲ့ပြီးတော့မှ 

ဘာမှ ဖြစ်မလာတဲ့အခါ 

လူတစ်ယောက်ဟာ 

အသက်ပဲ ရှူရုံရှူတော့တာ 

ဘ၀တွေ မရှင်သန်လာတော့ဘူး ။


အိပ်မက်တွေ မက်ဖို့လဲ ကြောက်သွားသလို 

နောက်မှ ဖြစ်လာမယ့်အရာတွေကို မယုံရဲတော့ဘူး

 

ဘာတွေဆက်ဖြစ်လာမလဲ တွေးမနေတော့ဘူး 


ဖြစ်ချင်တဲ့အရာတွေထက် ဖြစ်နေတဲ့အရာတွေကို

တော်ရိလျော်ရိလေးပဲ ဖြတ်သန်းရင် 

အသက်တွေ ထပ်ပြီးကြီးရတယ်လေ 


လူတစ်ယောက် အသက်ရှင်ဖို့ 

မျှော်လင့်လို့ရတဲ့ အရာတစ်ခုတော့ လိုတယ်မဟုတ်လား 


တစ်နေ့ပေါ့ ဆိုသလိုမျိုး 

တစ်နေရာရာမှာပေါ့ ဆိုသလိုမျိုးတွေလေ ။


#ကျေးကို

No comments:

ဧက တွက်နည်း

 💥မြေဧက တွက်နည်း💥 မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်ရဲ့ ပုံသဏ္ဍန်က...