Friday, June 14, 2019

မိဘ👏

ယုံကြည်​စိတ်​၏ စွမ်းအား

အ​မေသည်​ ကျ​နော်​လက်​ကို ဆုပ်​ကိုင်​ကာ
စကားစ​ပြောသည်​"သား
ဘုရားသခင်​ဟာ အ​မေတို့ရဲ့ အရည်​အ​သွေး ကို
စမ်းသပ်​ချင်​လို့ အခက်​အခဲ ​တွေ ၊ဆင်းရဲဒုက္ခ​တွေ
အ​မေတို့ဆီပို့​ပေးတာ သားရဲ့
ဒါ​ပေမဲ့
တဖက်​မှာလည်းဒါ​တွေရင်​ဆိုင်​ဖို့ အ​မေတို့ကို
လက်​နက်​​တွေ တပ်​ဆင်​​ပေးထားတယ်​။
သားရဲ့ ၊ ​မှေáŊာ်​လင့်​ချက်​တို့ ယုံကြည်​ချက်​တို့ ၊
စိတ်​ကူးအိမ်မက်

တို့ ဆိုတာ​ပေါ့။


အဲ့ဒါ​တွေ ရှိ​နေသမှáŊ ဘာမှ​ကြောက်​စရာ မလိုဘူး။
အဲ့ဒါ​တွေ စွန့်​ပစ်​áŋပီး ဆိုမှသာ
အရာရာဆုံးရှံးတာ။
အ​မေ့သား မှတ်​ထား

သားဘဝတ​လှေáŊာက်​ သားရဲ့ ​မှေáŊာ်​လင့်​ချက်​ ၊ ယုံကြည်​ချက်​​တွေ ၊ သားရဲ့ စိတ်​ကူးအိပ်​မက်​​တွေကို ဘယ်​အရာ ဘာကိစáĨနဲမှ မ​ပျောက်​ပျက်​ မဆုံးရှုံး​စေနဲသား"

(Ralph Johnson Bunche)
(1904-1971)

ဆရာ​ဖေမြင့်​၏ ဘာသာပြန်
စာအုပ်​မှ ​ကောက်​နုတ်​ချက်​။

Life Style

ငယ်​ငယ်​ က စာအုပ်​​တွေ ​တော်​​တော်​များများ
ဖတ်​ဖြစ်​ခဲ့တယ်

စာအုပ်​က သစáĨာအရှိဆုံး အ​ဖော်​တစ်​​ယောက်​ဖြစ်​ခဲ့တယ်
အချိန်​​တွေကို ကုစားတယ်
ဒဏ်​ရာ​တွေကို ကုစားတယ်

အပြုံး​တွေကိုသယ်
ဆောင်​​ပေးတယ်

အားအင်​​တွေကိုဖြစ်​​ပေါ်​စေခဲ့တယ်

တချိန်​က စာအုပ်​​တွေ ထဲက
လူစွမ်း​ကောင်း​တွေ
ဘဝကို ခက်​ခက်​ခဲခဲ နဲ့ ရင်​ဆိုင်​ ​ကျော်​လွှာနိုင်​သူ​တွေကို
အားကျဖူးတယ်

သူတို့ရဲ့ လုပ်​ကိုင်​မှု​တွေ
ဖြတ်​ထိုးဉာဏ်​ ​တွေ
ထိုးထွင်းကြံဆ မှု​လေး​တွေ ကို အတုယူတယ်

တဖြည်းဖြည်း အသက်​​ရော
ကိုယ်ပိုင်​ဖြတ်​သန်းမှု​လေး​ရော ​ပေါင်းစပ်​တတ်​လာ​တော့
ကွáŊန်​​တော်​ သူတို့ကို အားမကျ​တော့
သူတို့ကို အတုယူလို့မရ​တော့ဘူး

စာအုပ်​စင်​​ပေါ်က အမှန်​တရားက
ကွáŊန်​​တော့်​လက်​ရှိဖြတ်​သန်းမှု​တွေထက်
ပိုမမှန်​ဘူး

ကွáŊန်​​တော်​ လူတချို့ကိုအားကျဖူးတယ်
ဒါ​ပေမယ့်​ ကွáŊန်​​တော်​ အားကျအတုယူချိန်​မှာပဲ
သူတို့ဟာ ​ပျောက်​ကွယ်​သွားကြáŋပီး

သူ့တို့ကျန်​တာ အမည်​နာမ်​မ ဂုဏ်​ဒြပ်​​တွေနဲ့
လမ်းစ​လေး​တွေ​ပေါ့

ကွáŊန်​​တော်​ ​နောက်​ဆုံးအနှစ်​ချုပ်​သိလိုက်​တာ

ကိုယ့်​ကိုယ်​ကို ​လေးစားနိုင်​ရမယ်
ယုံကြည်​နိုင်​ရမယ်
သူတပါးဆီက လက်​ဖြန့်​áŋပီးမှ ရမယ်​​ပျော်​ရွှင်​မှုမျိုးက
ပို ပူ​လောင်​တယ်​ဆိုတာပါပဲ

    Crd ဘာမထီဘွား...အ​တွေးစာစု​လေးများ

Knowledge 80

သင့်အတွက် ဗဟုသုတ (၈၀)
=================
Wall မှာ share ထားလိုက်ပါ
✏ ✏ ✏ ✏ ✏ ✏

၁။  မြန်မာနိုင်ငံမှာ ပထမဆုံးဒေါက်တာဘွဲ့ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးမှာ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားဖြစ်ပါတယ် ။

၂။ ရန်ကုန်တက္ကသိုလ်အား ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ် ။

၃။ သင်္ကြန်အခါတွင် မဏ္ဍပ်များဆောက်၍ ရေကစားခြင်းသည် ပုဂံခေတ် နရသီဟကတေ့မင်း လက်ထက်ကစတင်ခဲ့တာပါ ။

၎။ရန်ကုန်ကောလိပ်မှ ပထမဆုံး သိပ္ပံဘွဲ့ရရှိခဲ့သူမှာ ဒဗလျူမာတင်ဖြစ်ပါတယ် ။

၅။ ကြေးမုံသတင်းစာကို ၁၉၅၇ ဧáŋပီလ ၁ ရက်နေမှာ စတင်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ် ။

၆။ ရန်ကုန်áŋမို့အား အလောင်းမင်းတရားကြီးက ၁၇၅၅ ခုနှစ် မေလ ၂ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ် ။

၇။ မြန်မာအက္ခရာနှင့် ကြေးနန်းရိုက်နည်းကို ယောမင်းကြီးá€Ļးဘိုးလှိုင်က စတင်တီထွင်ခဲ့ပါတယ် ။

၈။ မြန်မာနိုင်ငံတွင် ဆည်ရေသောက်စပါးကို အနော်ရထာမင်းလက်ထက်က ကျေက်ဆည်ခရိုင် တွင် စတင်စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ် ။

၉။ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ခဲ့သော အနောက်နိုင်းငံမှ နယ်ချဲ့များကို ပထမဆုံးချေမူန်းခဲ့သူမှာ အနောက်ဘက်လွန်မင်း
ဖြစ်ပါတယ် ။

၁၀။ ဒဂုံတက္ကသိုလ်ကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့တာပါ။

၁၁။ မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးရောက်ရှိလာခဲ့သော á€Ĩရောပတိုက်သားမှာ
အီတလီလူမျိုး ဗင်းနစ်áŋမို့သား နီကိုဒီကွန်တီ ဖြစ်ပါတယ် ။

၁၂။ မြန်မာ့ပထမဆုံးလွှတ်တော်သည်
သက္ကရဇ် ၅၇၃ ခုနှစ် ဇေယျာသင်္ခမင်းလက်ထက်တွင်ပေါ်ပေါက်ခဲ့တာပါ ။

၁၃။ ဆူးလေစေတီကို သာသနာတော်နှစ်
၂၃၅ ခုနှစ်က တည်ခဲ့တာပါ ။

၁၄။ မြန်မာနို်င်ငံမှာ ပါဠိပထမပြန်စာမေးပွဲကို ၁၈၇၅ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ် ။

၁၅။ မြန်မာ့ပထမဆုံးသူနာပြုသင်တန်းကျောင်းကို ရန်ကုန်ဆေးရုံကြီးတွင် ၁၈၇၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ ။

၁၆။ မြန်မာနိုင်ငံတွင် ရုပ်ရှင်အကယ်ဒမီ
ရွှေစင်ဆုကို ၁၉၅၂ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

၁၇။ လေယာá€Ĩ်ပြန်စီးáŋပီးရိုက်ကူးသည့်
မြန်မာ့ပထမဆုံးရုပ်ရှင်မှာ" လူစွမ်းကောင်း"ဖြစ်ပါတယ်။

၁၈။ မြန်မာ့ပထမဆုံးကသံလွှင့်ဇတ်(Radio Player )မှာ ဆရာဇော်ဂျီ၏
" စိန်တစ်လုံး ဇတ်လမ်းဖြစ်ပါတယ် ။

၁၉။ မြန်မာ့ပထမဆုံး မီးခြစ်စက်ရုံကို
ဒုတိယကမáģာစစ်မဖြစ်မီက တွံတေးáŋမို့နယ် ခနောင်တိုကျေးရွာမှာ တည်ထောင်ခဲ့တာပါ ။

၂၀။ မြန်မာ့ပထမဆုံးáŋမို့တော်မှာ အနော်ရထာမင်း ( ၁၀၄၄ အေဒီ) က တည်ထောင်ခဲ့သော ပုဂံáŋမို့ဖြစ်ပါတယ် ။

၂၁။ မြန်မာ့ပထမဆုံးယက်ကန်းကျောင်းမှာ အမရပူရမှ " ဆောင်းဒါးစ် " ယက်ကန်းကျောင်းဖြစ်ပါတယ် ။

၂၂။ Mary Chapman နားမကြားခလေးများကျောင်း၏ ပထမဆုံး ကျောင်းသားမှာ ဟင်္သာတáŋမို့မှ ၇ နှစ်သားလေး "မောင်ဘိုဘို " ဖြစ်ပါတယ် ။

၂၃ ။ စနáĩယားကို မြန်မာသံစá€Ĩ်ဖြင့် ပထမဆုံးတီခတ်သူမှာ ဆရာညွှန့် ဖြစ်áŋပီး
၁၉၁၀ ပြည့်နှစ်တွင် စတင်တီးခတ်ခဲ့သည် ။

၂၄။ ဆရာကြီးပီမိုးနင်း၏ ပထမဆုံး ဝတ္ထုမှာ ဘီအေမောင်မောင်တင့် နှင့် ကချေသည်မယ်မြင့်ဖြစ်áŋပီး ၁၉၁၅ ခုနှစ် ဧáŋပီလကထုတ်ဝေခဲ့တာပါ ။

၂၅။ အမည်တစ်လုံးတည်းပါဝင်သော ပထမဆုံးမြန်မာ့ရုပ်ရှင်မှာ  áá‰á„၇ ခုနှစ်က ဆွေဗမာဖလင်မှ ရိုက်ကူးသည်း " အား " ဖြစ်ပါတယ်။

၂၆။ မြန်မာနိုင်ငံတွင် လက်ဗွေပုံစံယူခြင်းစနစ်ကို ၁၉၀၀ ပြည့်နှစ်မှ စတင်အသုံးပြုခဲ့သည် ။

၂၇။ ပထမဆုံးမြန်မာ့ ရုပ်ရှင်မင်းသားမှာ á€Ļးညီပုဖြစ်áŋပီး ပထမဆုံးရုပ်ရှင် မင်းသမီးမှာ မအေးကြည်ပါတဲ့။

၂၈။ ပထမဆုံးမြန်မာဇတ်ညွှန်းမှာ philip မိုးနင်း ( ပီမိုးနင်း ) ဖြစ်áŋပီး ပထမဆုံးမြန်မာဒါရိုက်တာမှာ á€Ļးတုတ်ကြီး ဖြစ်ပါတယ် ။

၂၉။ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၁၉၅၇ ဇန်နဝါရီ ၈ ရက်နေ့က သမáŧတ ဒေါက်တာဘá€Ļးက ဖွင့်လှစ်ခဲ့တာပါ ။

၃၀။ ပထမဆုံး ကာတွန်းရုပ်ရှင်မှာ " ကြက်တောင်ကွ " 1934 ဖြစ်တယ်တဲ့။

၃၁။ပထမဆုံးနိုင်ငံခြားတွင်ရိုက်ကူးသော မြန်မာ့ရုပ်ရှင်မှာ " ဂျပန်ရင်သွေး "
1936 ဂျပန်နိုင်ငံမှာ ရိုက်ကူးတာပါ

၃၂။ ပထမဆုံး နှစ်ကိုယ်ခွဲသရုပ်ဆောင်မှာ ကိုဘတင့် " ခင်ခင့်မှာပုံတော် 1920
ဖြစ်ပါတယ် ။

၃၃။ မြန်မာ့ပထမဆုံးရုပ်ရှင်ရုံ တည်ထောင်သူမှာ ဆရာá€Ļးသွင်ပါ ။

၃၄ ။ မြန်မာ့ပထမဆုံး အကယ်ဒမီရမင်းသားမှာ á€Ļးကျော်ဝင်း ချစ်သက်ဝေဇတ်ကား ၁၉၄၅ ဖြစ်áŋပီး အကယ်ဒမီရမင်းသမီးမှာ ဒေါ်ကြည်ကြည်ဌေး ချစ်သက်ဝေဖြစ်ပါတယ် ။

၃၅။ ပထမဆုံးမြန်မာ တာဇံကားမှာ
ရဂုံáŋမိုင် " ဒါရိုက်တာ ဆရာမြင့်ဖြစ်ပါတယ် ။

၃၆။ မြန်မာနိုင်ငံမှာ ပထမဆုံး Camera woman မှာ
ဒေါ်ခင်ခင်ပါ ။

၃၇။ ပထမဆုံးရုပ်ရှင်ဟာသသရုပ်ဆောင်မှာ " ပေါစံကြီးဖြစ်ပါတယ် ။

၃၈။ ပထမဆုံး မြန်မာ့ DVD ဇတ်ကားမှာ
ဒါရိုက်တာမီးပွားရိုက်တဲ့ " အချစ်၏ တန်ခိုးများ " ဖြစ်ပါတယ် ။

၃၉။ မင်း ၃ ဆက်တိုင်မိဖုရားအမြှောက်ခံရသူမှာ "မိဖုရားဖွားစော" ဖြစ်ပါတယ်

၄၀။ မင်း ၅ ဆက်တိုင်မိဖုရားအမြှောက်ခံရသူမှာ " ရှင်ဘို့မယ် " ဖြစ်ပါတယ် ။

၄၁။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသတင်းစာမှာ " မြန်မာ့အဆွေ" သတင်းစာဖြစ်ပါတယ် ။

၄၂။ တောင်ငူမင်းနောက်ဆုံးမင်းမှာ " နတ်သျှင်နောင် " ဖြစ်ပါတယ် ။

၄၃။ မြစေတီကျောက်စာ ရေးထိုးသောခုနှစ်မှာ "ခရစ်နှစ် ၁၀၇၇ ဖြစ်ပါတယ်။

၄၄ ။ ပြည်သူ့အရေးတော်ပုံ ပါတီခေါင်းဆောင်များမှာ " သခင်မြ ၊ သခင်အောင်ဆန်း တို့ဖြစ်ပါတယ် ။

၄၅။ ပထမဆုံးသွားတိုက်တံကို ၁၄၉၈ ခုနှစ်မှာ တီထွင်ခဲ့တာပါ ။

၄၆ ။ ပထမဆုံး အင်္ဂလိပ် ဒေရှင်နရီ ကို

၁၇၅၅ ခုနှစ်တွင် ရေးသားခဲ့တာတဲ့ ။

၄၇။ ဗိုလ်ချုပ်အောင်ဆန်းအား အင်္ဂလိပ်တွေပေးသော သင်္ဘောအမည်မှာ "စစ်ရေယာá€Ĩ်မေယု " ဖြစ်ပါတယ် ။

၄၈ ။ ဂျပန်ကမြန်မာနိုင်ငံအား လွတ်လပ်ရေးပေးသောနေ့မှာ "1-8-1943 ဖြစ်ပါတယ် ။
၄၉။ ရဲဘော်သုံးကျိပ်တွင် စစ်ပညာမသင်ပဲ
အုပ်ချုရေးပညာသာသင်သူမှာ " သခင်ထွန်းအုပ် " ဖြစ်ပါတယ် ။

၅၀။ နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင်နှင့်တိုက်ခဲ့သော မွန်ဘုရင် အမည်မှာ " သုရှင်တကာရွတ်ပိ" ဖြစ်ပါတယ် ။

သုတအဖြာဖြာ ( ၂)
❆ ❆ ❆ ❆ ❆ ❆ ❆ ❆

၁။  á€”ာမည်ကျော်သီချင်နှစ်ပုဒ်ဖြစ်သော
" နဂါးနီ နှင့် လွတ်လပ်ရေး ဟူသောသီချင်းနှစ်ပုစ်၏စာသားကိုရေးခဲ့သူမှာ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း á€Ļးနု " ဖြစ်ပါတယ်။

၂။ စာပေလောကထဲမှ ပထမဆုံး  မြန်မာ စတန့်မင်းသားဟာ စာရေးဆရာကြီး
" á€Ļးပဂျီငို "ဖြစ်áŋပီး " နဖူးစာရွာလည် "စတန့်ဇတ်ကြမ်းကို ၁၉၂၃ ခုနှစ် မေလအတွင်း( ယခုဗိုလ်ချုပ်အောင်ဆန်းဈေး နေရာ)
"စီနီမာဒီပဲရစ်"ရုပ်ရှင်ရုံတွင်ပြသခဲ့တာတဲ့ ။

၃။ အောင်ဆန်းအက်တလီစာချုပ် ၂၇-၁-၁၉၄၇ ခုနှစ်မှာ လက်မှတ်ရေးထိုးစá€Ĩ်က မြန်မာကိုယ်စားလှယ် နှစ်á€Ļးက
လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့တယ်တဲ့
အဲ့ဒီနှစ်á€Ļးဟာ "ဂဠုန်á€Ļးစော နဲ့ သခင်ဘစိန်" တို့်ဖြစ်ပါတယ်။

၎။ မြန်မာနိုင်ငံ၏ ဗဟိုချက်ဟာ မြစ်သားáŋမို့နယ်၊ကူမဲáŋမို့ အရှေ့တောင်ဘက် ပြက္ခရွှေတောင်ပေါ်မှာဖြစ်ပါတယ် " မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်ကျောက်တိုင်" ကို မြန်မာနိုင် ငံမြေတိုင်းအဖွဲ့မှ စိုက်ထူထားပါတယ်တဲ့ ။

၅။ ထိုင်းဘုရင် ဗြနရဇ်(ခရစ်နှစ် ၁၅၅၅-၁၆၀၅) ဟာ ဘုရင့်နောင်နဲ့ယောက်ဖတော်စပ်တယ်တဲ့ ဗြနရဇ်၏ အစ်မတော်"အမျိုးရုံမင်းသမီး"သည် ဘုရင့်နောင်၏ မိဖုရားဖြစ်တယ်တဲ့ ။

၆။ နာမည်ကျော်ကဗျာဆရာကြီး ရာဘင်ဒြာ နာ့သ်တဂိုး ဟာ မြန်မာနိုင်ငံကို နှစ်ကြိမ် လာရောက်ခဲ့တယ်တဲ့ (၁၉၁၆ခုနှစ်၊ မေလ ၊၇ ရက်မှ ၉ ရက်ထိ တစ်ကြိမ် ) (၁၉၂၃ ခုနှစ်၊ မတ်လ ၂၄ရက်မှ ၂၇ ရက်နေထိ ) တစ်ကြိမ်

၇။ အင်္ဂလိပ်အမည်နဲ့ ပုဂံဘုရားတစ်ဆူရှိပါတယ် ပုဂံဓမáŧာရုံကြီး လမ်းခွဲအနီးမှာ "စကိုဗယ် ပေါ်တော်မူ" ဘုရားဖြစ်ပါတယ် ။

၈။ သိပ္ပံမောင်ဝ ( အမည်ရင်း -á€Ļးစိန်တင်)၏ ကလောင်ခွဲဟာ ၅၁ ခုရှိတယ်တဲ့ ။

၉။ အမရပူရနန်းတည် ဘိုးတော်ဘုရားလက်ထက်တွင် အင်္ဂလန်မှ ဒင်္ဂါးသွန်းစက်ကြီးကို မှာယူáŋပီး မြန်မာသက္ကရဇ် ၁၁၄၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်နေ့မှာ ပြည်တွင်းသုံး ငွေဒင်္ဂါးအဖြစ် ထုတ်ပြန်ကြေငြာသုံးစွဲခဲ့ပါတယ်တဲ့ ။

၁၀။ မြန်မာနိုင်ငံ၏ ပထမဆုံးသမáŧတမှာ ရှမ်းလူမျိုး စဝ်ရွှေသိုက် (၁၈၈၆- ၁၉၆၂ ) ဖြစ်သည်။

၁၁။ မြန်မာ့ထိုးကွင်းမင်ကြောင်ကို ဘိုးတော်ဘုရားလက်ထက် ထောင်းမင်းကြီးသား မောင်ကံ ဆိုသူက စထွင်ခဲ့တာပါတဲ့ ။

၁၂။ မြန်မာနိုင်ငံအား " ဗားမား" ဟူသောအင်္ဂလိပ်အမည်မှ"မြန်မာ" ဟူသော အင်္ဂလိပ်အမည်သစ်သို့၁၉၈၉ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ စတင်ပြောင်းလဲ ခေါ်ဝေါ် ခဲ့ပါတယ်တဲ့။

၁၃။ မြန်မာနိုင်ငံတော် သီချင်းကို
ဝိုင်-အမ်-ဘီ ဆရာတင်ကရေးစပ်áŋပီး
၁၉၃၀ ပြည့်နှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရွှေတိဂုံဘုရားရင်ပြင်၏ ရာဟုထောင့်
တွင် ပထမဆုံးသီဆိုခဲ့တယ်တဲ့ ။

သုတအဖြာဖြာ... (၃)
ဘာကြောင့်ကြယ်တံခွန်မှာအáŋမီးတန်းရှိနေတာလဲ ?
ကြယ်တံခွန်ဆိုတာကီလိုမီတာအနည်းငယ်ပဲထူထဲတဲ့ကျောက်သားအကြေအမွတွေ၊ရေခဲအကြေအမွ
တွေဖွဲ့စည်းထားတဲ့ကိုယ်ထည်ကြီးဖြစ်တယ်။သူကနေနဲ့အနီးကိုရောက်လာတဲ့အခါမှာပူလာတယ်။ရေ
ခဲတွေကဓာတ်ငွေ့တွေ
အဖြစ်ပြောင်းလဲသွားတယ်။ဖုန့်မှုန့်အပိုင်းအစတွေကိုအာကာသထဲဆွဲထုတ်ပစ်
ထယ်။နေမှပျံထွက်လာတဲ့အမှုန်လေးတွေစုထားတဲ့တိမ်တိုက်တွေဟာ(အာကာသထဲရှိလေကြောင့်)
သူ့ဓာတ်ငွေ့တွေကိုနောက်
ဘက်တွန်းထုတ်áŋပီးဖုန်မှုန့်တွေနဲ့အáŋမီးတန်းအဖြစ်ဖွဲ့စည်းထားလိုက်ပါတယ်။
နေရဲ့အနားကဖြတ်ပျံနေစá€Ĩ်မှာအဲဒီá€Ĩက္ကာခဲရဲ့အáŋမီးတန်းကသိပ်လှတယ်။အလှဆုံးပဲ၊အáŋမီးတန်းက်ီလို
မီတာသန်းနဲ့ချီáŋပီးရှည်လျားနိုင်တယ်။တစ်ချို့အáŋမီးတန်းတွေကသိပ်ကိုပါးလွှာတယ်။á€Ĩပမာအားဖြင့်ကမာáģ့
အနီးမှဘေးဒုက္ခမပေးဘဲဖြတ်ပျံသွားတဲ့ဟေလီကြယ်တံခွန်ရဲ့အáŋမီးဟာသိပ်ကိုပါးလှပ်ပါတယ်
_____________________________________________________________________
ပင်လယ်ဟာဘယ်လောက်နက်သလဲ ?

ပစိဖိတ်သမုဒáĩရာဟာ အနိမ့်ဆုံးအနက် (၄၀၅၀)မီတာနဲ့ အမြင့်ဆုံးအနက်
(၁၁၀၃၀)မီတာရှိáŋပီး အနက်ဆုံး
ဖြစ်တယ်။ နောက်တစ်ခုဖြစ်တဲ့အိနိáĩယသမုဒáĩရာဟာအနိမ့်ဆုံး
(၃၉၀၀)မီတာနဲ့အမြင့်ဆုံးအနက် (၉၂၀၀)မီ
တာရှိတယ်။အတ္တလန်တိတ်သမုဒáĩရာကတော့အနိမ့်ဆုံးအနက်(၃၃၀၀)မီတာနဲ့အမြင့်ဆုံးအနက်
(၉၂၀၀)မီ
တာ၊ အာတိတ်သမုဒáĩရာကတော့ အနိမ့်ဆုံးအမြင့်ဆုံးအနက် (၅၅၀၀)မီတာရှိáŋပီး
မြေထဲပင်လယ်ကအများ
ဆုံးအနက် (၅၁၂၀)မီတာနဲ့ အနည်းဆုံးက (၁၀၀၀)မီတာရှိတယ်။
ပင်လယ်နက်အစုအဝေးရဲ့အောက်ခြေ
ကဘောလ်တစ်ဖြစ်áŋပီးအနည်းဆုံးအနက်က
(၄၆၀)မီတာရှိáŋပီးမြောက်ဘက်ပင်လယ်ကတော့(၉၁-၁၀၀)မီ
တာနက်တယ်။
_____________________________________________________________________
သက်တန့်ဘာကြောင့်ဖြစ်ရတာလဲ ?
သက်တန့်တွေကိုညမှာမမြင်ရဘူးဆိုတာသင်သတိထားမိလိမ့်မယ်။တိမ်ထူတဲ့နေ့တွေနဲ့မိုးရွာနေတဲ့
အခါမှာလည်းသူတို့ကိုသင်
မမြင်ရဘူး။မိုးရွာáŋပီးကြည်လင်သွားသည့်အခါတွေနဲ့နေပူတုန်းမိုးရွာနေတဲ့
အချိန်အတွင်းမှာသက်တန့်တွေပေါ်ပေါက် လာတယ်။ရေထဲမှာရှိတဲ့ရေစက်ကလေးတွေကိုနေရောင်
ခြည်အလင်းပြန်တဲ့အခါတွေမှာသက်တန့်ကိုတွေ့နိုင်သည်။
_____________________________________________________________________
လျှို့ဝှက်စာရေးနည်းပညာ ဆိုတာဘာလဲ ?
လျှို့ဝှက်စာရေး နည်းပညာဆိုတာ စာလုံးတွေ စီရမယ့်နေရာမှာ
ကိန်းဂဏန်းတွေကိုအသုံးပြုáŋပီး လျှို့
ဝှက်စာတမ်းတစ်စောင်ရေးဖွဲ့တဲ့ အနုပညာတရပ်ဖြစ်တယ်။ အက္ခရာစာလုံး အသီးသီး အတွက်
သီးခြားအ
ထူးပြုစီမံထားတဲ့ ကိန်းဂဏန်းတွေပေးထားáŋပီး စကားဝှက်စာတစ်စောင်ရေးဖွဲ့ရပါတယ်။
ဒီလျှို့ဝှက်သင်္ကေ
တကို ဆိုက်ဘာစကားဝှက်လို့ခေါ်ပါတယ်။ စကားဝှက်ပုံစံနှစ်မျိုးရှိတယ်။
သတင်းပေးပို့လွှာမှာပါတဲ့ စာလုံး
အသီးသီးအတွက် ကိန်းဂဏန်း၊ စာလုံးသင်္ကေတ တစ်မျိုးမျိုးနဲ့
အစားထိုးရေးသားခြင်းမျိုးလည်း ရှိတယ်။
ဒုတိယအမျိုးအစားကတော့ သတင်းလွှာမှာပါတဲ့ စာလုံး လေးတွေကို နေရာအထား အသို
အစီအစá€Ĩ်များ
ပြောင်းလဲပစ်ခြင်းများဖြစ်ပါသည်။ဒီင်္လိုနည်းလမ်းနှစ်သွယ်ကိုအသုံးပြုတဲ့အခါနည်းမျိုးစုံအသုံးပြုကြတယ်။
ပေးပို့သူနဲ့ လက်ခံသူနှစ်á€Ļးစလုံးမှာ သင်္ကေတနဲ့လျှို့ဝှက်ချက်ကို
ဖော်ထုတ်နိုင်မယ့် သင်္ကေတ အညွှန်းစာ
အုပ် ကိုယ်စီရှိကြတယ်။
_____________________________________________________________________
ကမာáģ့ပထမဆုံး လေကြောင်းလိုင်းကဘာလဲ
KLM (Kiss Me, Leave Me, Miss Me) သည် ကမာáģ့ပထမဆုံး
စီးပွားဖြစ်လုပ်ကိုင်လေကြောင်းလိုင်း
ဖြစ်áŋပီး လွန်ခဲ့သောနှစ်ပေါင်း ၈၀ကျော်ကတည်းကပြေးဆွဲခဲ့ခြင်းဖြစ်သည်။
၎င်းကိုနယ်သာလန်နိုင်ငံမှ ဒက်ခ်ျ
လူမျိုး လေယာá€Ĩ်မှူး အဲလဘတ်ပလီစ်မန်းက
စတင်ခဲ့ခြင်းဖြစ်သည်။အဲလဘတ်သည်KLMလေကြောင်းလိုင်း
ကို တည်ထောင်ခဲ့áŋပီး ၁၉၅၃ ခုနှစ်တိုင်အောင်
KLM၏á€Ĩက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။ယနေ့ခေတ်တွင်တိုက်
ကြီးငါးတိုက်မှ áŋမို့တော်ပေါင်း ၁၄၀၀ကျော်တွင်
KLMလေကြောင်းလိုင်း၏ကွန်ယက်များဖြန့်ကျုက်ထားáŋပီဖြစ်
သည် ဟု 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။
_____________________________________________________________________
အင်းတော်ကြီးဘာကြောင့်ကမာáģကျော်တာလဲ ?

ကချင်ပြည်နယ်မြစ်ကြီးနားခရိုင်မိုးကောင်းနယ်အတွင်းတည်ရှိသည်။မြန်မာနိုင်ငံ၏အကြီးဆုံးသောသဘာဝ
အင်းကြီးဖြစ်သည်။တောင်နှင့်မြောက်အလျား(၁၆)မိုင်ရှိသည်။
မိုးရာသီအချိန်တွင်အနောက်ဘက်ကမ်းရှိလုံးတုံနှင်အရှေ့ဘက်ကမ်းရှိဟဲမုရွာအကြားရေပြင်အကျယ်ဆုံးဖြစ်
သည်။အနံခုနှစ်မိုင်ကျယ်ဝန်းသည်။ရေပြင်ကြီးသက်သက်အကျယ်အ၀န်းသည်(၄၄.၉)စတုရန်းမိုင်ရှိသည်။
အင်းတော်ကြီးအိုင်အတွင်းအမှိုက်ဒိုက်သရိုက်ကင်းစင်သည်။ရေကြည်လင်သည်။ရေပြင်ကျယ်ကြီးသည်
ပင်လယ်ပြင်တမျှရှုမဆုံးအောင်လှပသည်။အင်းတော်ကြီး၏အလယ်အင်းစွယ်တစ်ခုပေါ်တွင်ရွှေမá€Ĩါ်ူစေတီ
တော်တည်ထားသည်။
အင်းတော်ကြီးသည်ပတ်ပတ်လည်၌တောင်ရိုးတောင်စွယ်များဝိုင်းရံထားသည့်
ချိုင့်ဝှမ်းကြီးဖြစ်သည်။ရွှေမá€Ĩါ်ူစေတီသည်ကချင်ပြည်နယ်၏အဓိကရစေတီတော်ကြီးဖြစ်သည်။ပေါင်းလဆန်း
ုရားပွဲတော်ကျင်းပချိန်နီးကပ်လာလျှင်ဘုရားစေတီအရောက်လူလျှောက်သွားနိုင်ရန်သဲလမ်းမကြီးနှစ်လမ်းပေါ်
လာတတ်သည်။ ဘုရားပွဲတော်áŋပီးသည့်အခါသဲလမ်းများရေထဲပြန်မြုပ်သွားတတ်သည်။
_____________________________________________________________________
အိုလံပစ်ပွဲတော်များဘယ်အချိန်က စတင်ခဲ့သလဲ ?
ခရစ်တော်မပေါ်မီ(၇၇၆)ခုနှစ်မှစ၍ဂရိလူမျိုးများသည်အိုလံပစ်ပွဲတော်များကိုလေးနှစ်တစ်ကြိမ်
ကျင်းပခဲ့သည်။ထိုအချိန်တွင် zeus
နတ်ဘုရားကိုပူဇော်ရန်ပန်းချီပညာရှင်များစာရေးဆရာများ၊
အားကစားသမားများစုဝေးရောက်ရှိတတ်သည်။အိုလံပစ်ပွဲဟုကျော်ကြားလာခဲ့သည်။ပထမá€Ļးဆုံး
အိုလံပစ်áŋပိုင်ပွဲများသည်အားကစားသက်သက်မဟုတ်ချေ၊ပြဇာတ်များကကြသည်၊ကဗျာများရွတ်
ကြသည်။
ပြေးပွဲများကျင်းပကြသည်။ဂရိလူမျိုးများအတွက်အိုလံပစ်áŋပိုင်ပွဲများသည်စိတ်နှင့်ရုပ်
ပေါင်းစပ်မှုကိုဖော်ပြáŋပီး zeus
နတ်ဘုရားထံအောင်ပွဲဆုတောင်းခံနိုင်သည်ဟုယူဆသည်။အိုလံ
ပစ်ပွဲတော်များကို(၃)ရက်ကြာမျှကျင်းပခဲ့သည်။အားကစားသမားများသည်အပြေးáŋပိုင်ကြ၊လှည်း
မောင်းáŋပိုင်ကြသည်။ပွဲတော်မစမီကျမ်းသစáĨာကျိန်ရသည်။áŋပိုင်ပွဲများအáŋပီးတွင်ဆုပေးပွဲများစား
သောက်ပွဲများကျင်းပတတ်ကြသည်။
_____________________________________________________________________
အင်းလေးကန်ကြီးဘာကြောင့်ကမာáģကျော်ရသလဲ ?

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေနယ်တွင်တည်ရှိသည်။မြစ်ကြီးနားခရိုင်ရှိအင်းတောင်ကြီးမှလွဲလျှင်
မြန်မာနိုင်ငံမှဒုတိယအကြီးဆုံးသောသဘာဝအင်းအိုင်ကြီးဖြစ်သည်။တောင်နှင့်မြောက်တန်းလျက်ရှိသော
တောင်တန်းကြီး(၂)ခုကြားတွင်ခွက်ဝင်နေသောညောင်ရွှေချိုင့်ဝှမ်းကြီး၏အလယ်အနက်ရှိုင်းဆုံးအပိုင်း၌
တည်ရှိသည်။
အင်းလေးတည်ရာအရပ် သည်ပင်လယ်ရေမျက်နှာပြင်အထက်ပေ(၂၉၀၀)ကျော်မြင့်သည်။
အင်းလေးသည်တောင်ပေါ်အင်းအိုင်ကြီးတစ်ခုဖြစ်သည်။တောင်ရိုးတောင်တန်းများဝန်းရံလျက်ကြည်လင်
ပြာလဲ့သောရေပြင်ကျယ်ကြီးဖြစ်သောကြောင့်မြန်မာနိုင်ငံတွင်သာမကကမာáģတွင်ပါကျော်ကြားသည်။အင်း
လေးသည်တောင်နှင့်မြောက်အလျားကိုးမိုင်ခန့်ရှည်သည်။အကျယ်ဆုံးနေရာ၌အရှေ့နှင့်အနောက်သုံးမိုင်ခွဲ
ခန့်ရှိသည်။ရှေးအခါကအင်းလေးကန်ကြီး၏အကျယ်အ၀န်းသည်စတုရန်းမိင်(၁၉၀)ခန့်ရှိမည်ဟုခန့်မှန်းရ
သည်။အင်းလေးရေပြင်ပေါ်တွင်ရွာကြီး၊ရွာငယ်များတည်ဆောက်ထားသည်။တစ်နေရာမှတစ်နေရာသို့လှေ
များ၊စက်လှေများဖြင့်သွားလာကြသည်။လှေကိုခြေဖြင့်လှော်ခတ်သည်။အင်းလေးဒေသနန်ဟူးရွာရှိဖောင်
တော်á€Ļးဘုရားသည်ထင်းရှားသည်။
_____________________________________________________________________
ငပလီလို့ဘာကြောင့်ခေါ်တာလဲ ?

အပန်းဖြေစခန်းအဖြစ်ထင်ရှားသည်။ရခိုင်ပြည်နယ်၊သံတွဲáŋမို့နှင့်လေးမိုင်လောက်သာဝေးကွာသည်။
မဇင်းလေဆိပ်သည်သံတွဲáŋမို့နှင့်ခုနှစ်မိုင်ခန့်ဝေးသည်။ငပလီကမ်းခြေစခန်းသည်ရွာကလေးဖြစ်သည်။
မဇင်းလေဆိပ်မှ(၂)မိုင်မျှသာဝေးသည်။ငပလီသည်မြန်မာစကားမဟုတ်ပေ။အီတလီလူမျိုးတို့သည်
သံတွဲáŋမို့အနီးယခုငပလီစခန်းသို့ရောက်လာကြသည်။ငပလီစခန်းနေရာသည်အီတလီနိုင်ငံရှိနေပလီ
(နေပယ်)ကမ်းခြေစခန်းကဲ့သို့အလွန်သာယာသည်။ရှုခင်းလှသည်။ထို့ကြောင့်နေပလီဟုခေါ်တွင်ခဲ့သည်း
နောင်တွင်နေပလီ မှ ငပလီ ဖြစ်လာသည်ဟုဆိုသည်။
_____________________________________________________________________
ပင်းတယáŋမို့ဘာကြောင့်ကမာáģကျော်နေတာလဲ ?

ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်းတယáŋမို့သည် ဧရာဝတီမြစ်၏မြစ်လက်တက်ဖြစ်သော
ဇော်ဂျီမြစ်တောင်
မှမြောက်သို့ဖြတ်သန်းစီးဆင်းသောမြစ်ဝှမ်း၌တည်ရှိသည်။
ပင်းတယáŋမို့၏အရှေ့ဘက်ပိုင်းတွင်ကုန်းမြင့်
လွင်ပြင်ကြီးဖြစ်လျက်ရှိသည်။ ပေ(၃၀၀၀)ကျော်မြင့်သည်။ အနောက်ပိုင်းတွင်လည်းပေ
(၅၀၀၀)ကျော်
မြင့်သောတောင်တန်းကြီးရှိသည်။ပင်းတယáŋမို့သည်တောင်တန်းကြီး၏ခြေရင်းတွင်တည်ရှိသည်။အလွန်
ရှုခင်းလှသည်။ áŋမို့အ၀င်တွင်နာဂပတ္တန်၊ပုတ္တလုတ်ကန်ဟုခေါ်သော ပင်းတယကန်ကြီးရှိသည်။
ညောင်
ကြတ်ပင်တန်း၏အရိပ်အောက်၌တင့်တယ်စွာရှိသည်။
ပင်းတယáŋမို့အနောက်တောင်ဘက်ယွန်းယွန်း(၁)
မိုင်ခန့်အကွာတောင်စောင်းပေါ်တွင်စောင်းတန်းအသွယ်သွယ်ရွှေရောင်တ၀င်းဝင်းဖြင့်ရွှေá€Ĩမင်ဘုရားရှိ
သည်။ရွှေá€Ĩမင်ဘုရား၏ ကျောက်သားá€Ĩမင်ကြီးအတွင်း၌ဘုရားဆင်းတုတော်များလက်ညှိုးထိုးမ
လွဲအောင်
များပြားသည်။
_____________________________________________________________________
ဘားအံဆိုတဲ့နာမည် ဘယ်ကရတာလဲ ?
ဘားအံáŋမို့သည်ကရင်ပြည်နယ်၏áŋမို့တော်ဖြစ်သည်။လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)ကျော်ကသံလွင်မြစ်
ကမ်းနဖူးတွင်စုစုပေါင်းအိမ်ခြေ (၂၀၀)ခန့်ရှိရွာလေးတစ်ရွာသာဖြစ်ခဲ့သည်။
ရွာကလေးတည်ရာသံလွင် မြစ်၏ကမ်းစွယ်တွင်အဓိကရ ကျောက်စွန်းကြီးတစ်ခုရှိသည်။
ထိုစွန်းကို ယိုးဒယား၊ ရှမ်းဘာသာဖြင့်ဖား
အမ်း(ကျောက်+အစွယ်)ဟုခေါ်ခဲ့သည်။ဖားအမ်းမှတစ်ဆင့်အသံအနည်းငယ်ပြောင်း၍ဘားအံဟုအမည်
တွင်လာသည်။ ၁၉၀၇ခုနှစ်တွင်áŋမို့ကွက်ရိုက်ခဲ့သည်။
ဘားအံáŋမို့နယ်တွင်ထင်ရှားသောတောင်သည်ဇွဲ
ကပင်တောင်ဖြစ်သည်။ဇွဲကပင်ဆုတောင်းပြည့်စေတီတော်တည်ထားသည်။ဘားအံáŋမို့မှသံလွင်မြစ်ညာ
ရှစ်မိုင်ခန့် အကွာကော့ဂွန်းတောင်၏အရှေ့ဘက်၌ကော့ဂွန်းဂူရှိသည်။
ဘားအံ၏အနောက်ဘက်(၁၂) မိုင်ကွာအရပ်၌ဘုရင်ဂျီဂူ(ဘုရင့်ညီဂူ)ရှိသည်။
ဂူ၏အောက်ခြေတွင်ရေပူစမ်းအိုင်ရှိသည်။ ရေပူစမ်း၊ရေ အေး
စမ်းနှစ်ခုယှá€Ĩ်လျက်စီးဆင်းလျက်ရှိသော်လည်းရေပူနှင့်ရေအေးပေါင်းစပ်ခြင်းမရှိကြောင်းတွေ့ရ
သည်။
_____________________________________________________________________
ရွှေစက်တော်ဘေးမဲ့တော ဘယ်မှာရှိသလဲ ?
ခရစ်မပေါ်မီ (၆၀၀)ခုနှစ်တွင်မြတ်စွာဘုရားခြေတော်ရာနှစ်ဆူကိန်းဝပ်စံပယ်ခဲ့၍
အထက်စက်တော်ရာ၊
အောက်စက်တော်ရာဟူ၍ထင်ရှားသည်။ ရွှေစက်တော်ဘေးမဲ့တောကို ၁၉၄၀ပြည့်နှစ်ဇွန်လ
(၂၉)ရက်
တွင်စတင်တည်ထောင်ခဲ့သည်။ မင်းဘူး(စကု)áŋမို့နယ်၊ ငဖဲáŋမို့နယ်နှင့်
စေတုတ္တရာáŋမို့နယ်များပါဝင်
တည်ရှိသည်။ ရွှေစက်တော်ဘေးမဲ့တောသည် (၃၁၄)စတုရန်းမိုင်ကျယ်ဝန်းသည်။
မြန်မာ့ရွှေသမင်ကို
အဓိကထိန်းသိမ်းထားသည်။ ငှက်အမျိုးပေါင်း (၁၁၃)မျိုးလည်းအခြားတိရစာáĻန်များနှင့်
အတူကျက်စား
နေထိုင်သည်။ မြန်မာနိုင်ငံတွင်ရွှေစက်တော်ဘေးမဲ့တောအဖြစ်
ခါကာဘိုရာဇီအမျိုးသားá€Ĩယျာá€Ĩ်၊ အင်း
တော်ကြီးဘေးမဲ့တော၊အင်းလေးဒေသ၊လန်ပိဘေးမဲ့တော၊မိန်းမလှကáŊွန်းဘေးမဲ့တော၊အလောင်းတော်
ကဿပအမျိုးသားá€Ĩယျာá€Ĩ်တို့လည်းအထူးထင်ရှားသည်။
မြန်မာနိုင်ငံတွင်အမျိုးသားá€Ĩယျာá€Ĩ်ခြောက်ခု၊
တောရိုင်းတိရစာáĻန်ဘေးမဲ့တော (၃၅)ခုရှိသည်။ တောင်á€Ĩယျာá€Ĩ်အဖြစ်
ပုပ္ပါးတောင်á€Ĩယျာá€Ĩ်တစ်ခုသာရှိ
သည်။
_____________________________________________________________________
မီးသေတောင်ကြီးဘယ်မှာရှိသလဲ ?

ပုပ္ပါးတောင်သည်နတ်တောင်ဟူ၍လည်းကောင်း၊မီသေတောင်ဟူ၍လည်းကောင်းထင်းရှား
သည်။မန္တလေးတိုင်း၊မြင်းáŋခံခရိုင်အရှေ့ဘက်စွန်းတွင်ထီးထီးကြီးတည်ရှိနေသည်။
ပဲခူးရိုးမ
တောင်တန်း၏မြောက်ဘက်အစွန်းတွင်သီးခြားထိုးထွက်နေသောမီးတောင်ဟောင်းကြီးတစ်
ခုဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက်(၄၉၈၁) ပေမြင့်သည်။ ပတ်ဝန်းကျင်၌တောင်
များမရှိပေ။ တစ်တောင်တည်း မီတောင်၏ထိပ်ခွက်ခွက်နှင့်ထိုးထွက်နေသည်။
မိုင်(၄၀)ခန့်
ဝေးသောဧရာဝတီမြစ်ပေါ်မှပင်မြင်နိုင်သည်။ အနောက်ဘက်သို့အနည်းငယ်ထွန်းလျက်နိမ့်
သည်။ တောင်ဘက်၊ အနောက်ဘက်နှင့်အရှေ့ဘက်တို့တွင်မြင့်မားသည်။ ပုပ္ပါးတောင်ကြီး
ကို အရပ်လေးမျက်နှာမှကြည့်လျှင် ပုံသဏ္ဍာန်လေးမျိုးဖြင့်မြင်နိုင်သည်။
မီးတောင်ထိပ်ဝ
(၃၀၀၀) ခန့်နက်ရှိုင်းသော ချောက်ကြီဖြစ်ပေါ်လျက်ရှိသည်။
ပုပ္ပါးမီးတောင်သည်တစ်ကြိမ်
သာ ပေါက်ကွဲခဲ့ပုံရသည်။ ပုပ္ပါးáŋမို့ကလေးသည်
ချော်ကုန်းပြင်မြင့်ပေါ်၌တည်ထားခြင်းဖြစ်
သည်။_____________________________________________________________________
ရှေးဟောင်းပျူáŋမို့တော်ကြီး ဘယ်မှာရှိသလဲ ?
သရေခေတ္တရာáŋမို့ဟောင်းသည်ပြည်áŋမို့အရှေ့တောင်ဘက်ငါးမိုင်အကွာတွင်ရှိသည်။
အုတ်áŋမို့ရိုးကိုကျုံးပတ်လည်
ဝိုင်းထားသည်။စက်ဝိုင်းပုံမကျတကျဖြစ်áŋပီးတောင်
မြောက်နှစ်မိုင်ခွဲ၊အရှေ့အနောက်နှစ်မိုင်ခန့်ကျယ်ဝန်းသည်။ပြည်
ပေါက်ခေါင်းသွားကားလမ်းကို မြောက်ဘက်áŋမို့ရိုးပေါ်မှဖြတ်လျက်တည်ဆောက်ထားသည်။
မှောဇာဘူတာသည်áŋမို့
ဟောင်း၏ဗဟိုနေရာအရှေ့မြောက်ဘက်ယွန်းယွန်းတွင်တည်ရှိသည်။
ပျူခေတ်ရှေးဟောင်းအဆောက်အအုံများနေ
ရာအနှံတွေ့မြင်နိုင်သည်။ áŋမို့ရိုးအလယ်ဗဟိုတွင် နန်းတော်ကုန်းနေရာရှိသည်။
စတုဂံအုတ်ရိုး ကာရံထားသည်။
တောင်ဘက်áŋမို့ရိုးအပြင်ဘက်၌အရှေ့ပျူတိုက်၊အနောက်ပျူတိုက်နှင့်ဗိဿ     နိုး
သင်္ချိုင်းကျန်ရှိသေးသည်။

အွန်လိုင်းပေါ်မှ ရှာဖွေစုဆောင်းáŋပီး post တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းပေးလိုက်ပါတယ်။

#ဗဟုသုတအဖြာဖြာ

Shareပြီးသိမ်းထားလိုက်ပါနော်
မူရင်းcredit
AMM

Bc & AD

ခုနှစ် သက္ကရာဇ်တွေကို ကြည့်တဲ့ အခါ... BC နဲ့ AD ဆိုáŋပီးတွေ့ရပါလိမ့်မယ်... ခရစ်တော်မပေါ်မီအချိန်ကို BC (Before Christ) လို့ သတ်မှတ်ပါတယ်....

ဒါဆို AD ကရော...

AD က တော့ Medieval latin စကားáŋဖစ်áŋပီး အရှည်ကတော့ Anno Domini áŋဖစ်ပါတယ်... အဓိပ္ပါယ်ကတော့ In the Year of Our Lord လို့ ဆိုပါတယ်...

ဒီထက်ရှည်ချင်သေးရင်...အáŋပည့်အစုံက... Anno Domini Nostri Iesu (Jesu) Christi ("In the Year of Our Lord Jesus Christ")... áŋဖစ်ပါတယ်... ခုနှစ်သက္ကရာဖ်များ နဲ့ အတိအကျသိချင်ရင်တော့ ..wikipedia မှာ ရှာကြည့်နိုင်ပါတယ်..

Wednesday, June 12, 2019

မကွေးတိုင်းဒေသကြီး...စကုáŋမို့ထေရ်ကြီးဘုရားပွဲ၌...
ကျင်းပသောနွားလှည်းáŋပိုင်ပွဲမှပုံလေးတပုံ....
1.12.2018
မူရင်းပိုစ်​ပိုင်​ရှင်​ ဓာတ်​ပုံဆရာ-á€Ļးတင်​​ဌေး အားcrd​ပေးပါတယ်​😎
ထေရ်ကြီး (သို့)ထီးကြီးစေတီ နဲ့ စကု

စကုမြို့á€Ļး မြို့ထိပ်မှာ ထီးကြီးဘုရား
ထေရ်ကြီးစေတီ ဆိုတာရှိပါတယ်။
ရှေးဟောင်းသမိုင်းဝင်ဘုရား ရယ်လို့
ပြောကြတယ်။ ဒီစေတီတော်ကြီး နဲ့
ပတ်သက်လို့ အစá€Ĩ်အလာပြောစကား
ကတော့ မဟာပုဏ္ဏမထေရ် နဲ့ သက်ဆိုင်တဲ့ ဘုရား၊ မဟာပုဏ္ဏမထေရ် သီတင်းသုံးခဲ့တဲ့နေရာရယ်လို့ ပုဏ္ဏောဝါဒသုတ်ကို ညွန်းဆိုလို့ ဒေသခံတွေက ပြောကြပါတယ်။ ကျောင်းတော်ရာဘုရား ရဲ့ အစá€Ĩ်အလာ အယူအဆ နဲ့ လည်းဆက်စပ်နေပါတယ်။
ဘုရားရှင်လက်ထက် ဝါဏိစáĨဂါမဟု
အမည်တွင်သော ယခုပွင့်ဖြူမြို့နယ်
သစ်တော်ရွာမှ မဇ္ဈိမဒေသ သို့ကုန်ရောင်းသွားတဲ့  á€™á€Ÿာပုဏ် ၊
စူဠပုဏ် ညီအကိုနှစ်á€Ļးအနက်
မြတ်စွာဘုရားရှင် နှင့် တွေ့ရှိ ပြီး
အပြန်တွင် ရဟန်းဖြစ်လာသော
မဟာပုဏ္ဏ မထေရ် ဟာသုနာပရန္တတိုင်း
 á€€ိုပြန်ကြွလာပြီးနောက် တရားအား
ထုတ်ခဲ့သောနေရာလေးခု ရှိခဲ့ပါတယ်။
၁ ။ ရေပုတ်ရွာရွှေမြင်တောင်(အပ္ပဟတ
္ထတောင်)
၂ ။အောက်ကျောင်းဘုရားတည်နေရာ(
သမုဒáĩဂီရိ အမည်ရှိသော ကျောင်းအရပ်)
၃ ။ ထေရ်ကြီးဘုရားတည်နေရာ( မာတု
လာဂီရိအရပ်)
၎ ။ကျောင်းတော်ရာဘုရားတည်နေရာ(
မကုလာ ရာမ ကျောင်းအရပ်) တို့ဖြစ်ကြပါတယ်။
      တတိယနေရာဖြစ်တဲ့ မာတုလာဂီရိ
အရပ်ဟာ ကျေးငှက်လွန်စွာပေါများလို့
သကုဏ အရပ် နောက် သကု  နောင်
စကု လို့တွင်တယ်လို့ အစá€Ĩ်အလာစကားရှိပါတယ်။ တချို့
ကလည်း ပန်းလွှားရွာမြောက်ဘက်က
ရှင်ပင်ဂူနီ ကို တတိယနေရာလို့ပြော
ဆိုကြပေမယ့်၊ စကု ထေရ်ကြီး အရပ်
သာလျှင် သဒáĩါယုတ္တိ၊ အတ္တယုတ္တိ သင့်ပြီး ၊ ယင်းရှင်ပင်ကူနီ ဘုရားဟာ ကျောင်းတော်ရာဘုရားကြီး ကျောင်းတော်မြေ အတွင်တည်ရှိတဲ့
 á€Ąလောင်းစည်သူမင်း တည်တယ်တဲ့ စေတီတစ်ဆူဖြစ်တယ်လို့လည်းဆိုပါတယ်။
          ဒီလို အစá€Ĩ်အလာစကားတွေ
နဲ့ ပတ်သက်လို့ စိတ်ဝင်တစား
ရှာဖွေကြည့်တဲ့ အခါ ထီးကြီးစေတီကို
အေဒီ 1307 မြန်မာနှစ် ၆၆၉ ခုမှာ တောင်တွင်းမင်း သီဟပတေ့ ရဲ့
သမက်က   တည်တယ်လို့
Amended list of ancient monuments in  Burma 1960
မှာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ
ရှမ်းတိုင်းရင်းသားတွေက သံထီးတော် အသစ်ကြီးတင်လှူလို့ ထီးကြီးစေတီလို့ခေါ်တွင်တယ်လည်း
ဆိုပါတယ်။( စကုမှာနေထိုင်ခဲ့တဲ့
ရှမ်းကောင်ဟန် တွေ အကြောင်းသပ်
သပ် အားတဲ့အခါ ပို့တင်ပါမယ်။)
ဒါ ထေရ်ကြီးစေတီ နဲ့ ပတ်သက်ပြီး
တွေ့ရတဲ့ မှတ်တမ်းဖြစ်ပါတယ်။
ဒီမှတ်တမ်းဖြစ်နိုင် မဖြစ်နိုင်ကို စá€Ĩ်းစား
တဲ့ အခါမှာ စေတီတော်ရဲ့ အနုပညာ
လက်ရာတွေမှာ အင်းဝခေတ်ဟန်တွေ
ကိုတွေ့ ရသလို အမရပူရခေတ်ဟန်
တွေကိုလည်း အများအပြား တွေ့ရပါတယ်။ခေတ်အဆက်ဆက်ပြုပြင် မူ့တွေကလည်း ရှိပါတယ်။
၁၄ ရာစု မှာ တောင်တွင်းမင်းသီဟပတေ့က စကုထေရ်ကြီးစေတီကိုတည်တယ်
ဆိုတော့   တောင်တွင်းနဲ့ စကု
ပတ်သက်မူကို ဆက်စပ်ကြည့်ရာမှာ
တောင်တွင်းစားသီဟပတေ့ ကို
သီဟသူ နဲ့ မြောက်နန်းမိဖုရားက ဖွား
တဲ့ စောပုလဲမယ် တို့ကို စုံ ဖက်ရာ၊
သားတော် သိင်္ဂသူစောနှောင်း ၊
သားတော်သိင်္ဂသူစောနှောင်း နဲ့
သရက် မင်းရှင်စောသမီး စောမြတ်ကဲ
ကိုစုံဖက်ရာ သားတော် သိင်္ဂသူငယ်၊
သိင်္ဂသူငယ် နဲ့ မင်းကြီးစွာသမီး
စောစလာကဒေဝီ သင့်ရာ သားတော်
မင်းá€Ĩဂ္ဂါ တစ်ပါး ၊ နှမတော်စောပို့မယ်
တစ်ပါး ( နောင်အခါမိဖုရားရှင်ဘို့မယ်
ဖြစ်လာသူ)  á€œို့ အဲ့လိုအစá€Ĩ်အဆက်
မှန်နန်းကဆိုပါတယ်။ သိင်္ဂသူစောနှောင်း  á€”ဲ့ သားသိင်္ဂသူ
တို့ဟာ စကုစားတွေဖြစ်ပါတယ်။
ွှရာဇဝင်ကြီး ရာဇဝင်လတ်တို့မှာ
တောင်တွင်း ပွင့်လှá€Ļး သီဟပတေ့
နှင့်စောပုလဲ တို့မှာ သားတော်
သိင်္ဂသူစောနှောင်း၊
ညီတော်သိင်္ဂသူငယ၊်
ညီတော်မင်းá€Ĩဂ္ဂါ သုံးပါးမြင်တယ်
ဆိုပါတယ်။
ရာဇဝင်သစ်မှာ ရမည်းသင်းသီဟပတေ့
နဲ့ စောပုလဲ ကိုစုံဖက်သည်ဆိုပြီး
သားသမီးကို မည်သူဟု မဆို။
မင်းရာဇပုံ တွင် တူမတော်အရင်းဖြစ်သော စောပို့မယ်
ကို မင်းခေါင်ရွှေနန်းတင်သည်ဟု
ဆိုတာကိုထောက်ပြီး  á€™á€„်းကြီးစွာ
နှမတော် စောမြတ် နှင့် သိင်္ဂသူစောနေင်းသင့်ရာ သိင်္ဂသူငယ်
ကိုမြင်သည်၊ သိင်္ဂသူငယ် နှင့် မင်းင်္ကြီး
စွာ သား မင်းခေါင်လည်း ညီအစ်ကို
သမီးယောက်ဖ တော်ကြသည်ကို
ထောက်သဖြင့် သိင်္ဂသူငယ်သမီး
စောပို့မယ် ဖြစ်၍ မင်းခေါင် တူမတော်
အရင်းဟူသော မင်းရာဇပုံ စကားနှင့်
လည်းညီ သည်။ လို့လည်းဆိုပါတယ်။
ဒီတော့စကုစား နဲ့တောင်တွင်းစား
ဟာ သားအဖ တော်ပါတယ်။
 á€’ီနေရာမှာ စိတ်ဝင်စားစရာကောင်း
တာက  တောင်တွင်းစား အကြောင်း
ဖြစ်ပါတယ်။ သူက ၁၃ ရာစုဟအကုန်
ပုဂံပျက်တော့ စကု နဲ့တောင်တွင်း
စိုက်ပျိုးအချက်အချာဒေသ ကို
သေချာတောင့်တင်းအောင်စီမံထားတာ
ကိုတွေ့ရပါတယ်။
ပုဂံခေတ်ကထည်းကဘဲ စကုဟာ
ပုဂံ နဲ့ ကုန်စည်ထောက်ပံ့စီးစင်း
ရာ အချက်အချာ ဒေသတစ်ခုဖြစ်ပါတယ်။
á€Ĩပမာတစ်ခုပြရရင်  မြန်မာနှစ် ၅၉၇ ခု
AD1235  á€‘ိုး မဟာသေနာပတိ အနန္တသူ ကျောက်စာ ဖြစ်ပါတယ်။ ပုဂံမြို့ မင်းနန်သူရွာ လေးမျက်နှာဘုရား ကျောက်စာရုံ ကျောက်တိုင်အမှတ် ၈/ခ  ဖြစ်ပါတယ်။
အဲဒီ ကျောက်စာ ကြောင်း ရေ ၁၈  áá‰
၂၀  á€™ှာ မြန်မာနှစ် ၅၉၆ တပေါင်းလဆန်း ခြောက် ရက် ကြာသပတေး နေ့ မှာ အနန္တသူ က
စကုမှာ ကန်ယာမြေ ၁၀၀၀ ကို ရတနာသုံးပါးအား လှူ တယ်လို့ ရေးထိုးထားပါတယ်။
အမတ်ကြီး မဟာသေနာပတိ အနန္တသူရမောင်နှံ ရေးထိုး ခဲ့တာ လေးမျက်နှာပါ ကျောက်စာတိုင်နှစ်တိုင်
နဲ့ နှစ်မျက်နှာ ကျောက်စာတိုင် တစ်တိုင်ဖြစ်ပါတယ်။ ရေးထိုးနှစ်  á€€
AD  1224, 1227, နဲ့ 1235 အတွင်းဖြစ်ပါတယ်။ ပထမ ကျောက်စာ
AD1224  á€™ှာလှူ တဲ့ ကျွန်များ
ဒုတိယကျောက်စာ AD 1227 မှာ လယ် á€Ĩယန် ကျွန် နွား ကျွယ် ဆင် ဆိတ် လှူတာ ပါ ပါတယ်။ တတိယ ကျောက်စာ AD1235 မှာ ဘယ်နေရာ
ဘာမြေအမျိုးအစား ပယ်ပေါင်းဘယ်လောက် ဘာကိုလှူတယ် ဆိုတာပါ ပါတယ်။
 á€Ąá€”န္တသူရ မောင်နှံ တို့က လယ်ယာမြေ ပယ်ပေါင်း ၇၅၀၀ ကျော်
ကို ရတနာသုံးပါးအတွက် လှူပါတယ်။
ဧက ဖွဲ့ ရင် ၁၃၁၂၅ ဧက ပါ။ ထိုခေတ် အနေအထားအရ လူတစ်á€Ļး ကို ၆ ဧက
နှုန်း နဲ့ ပယ် ၇၅၀၀( ၁၃၁၂၅ဧက)  á€Ÿာ
လူ ၂၀၀၀ လောက် ကျေွးနိုင်ပါတယ်။
အနန္တသူရ အမတ်ကြီးဘုရားကို လှူ သော ကျွန် အရေ အတွက်မှာ ဖတ်ရသမျှ ၆၆၅ á€Ļး  á€Ąá€†ုံးစွန် လူ
၈၀၀ မျှ လို့ ဒေါက်တာတိုးလှ က ဆိုပါတယ်။ ဒီတော့ လူ ၂၀၀၀ စာ စားသုံးနိုင်တာကို၈၀၀ လောက် က လုပ်။ ရတဲ့ သီးနှံ ကို သက်ဆိုင် ရာကျောင်းဘုရားပြင် ဆွမ်းဆီမီး ဝတ်များအတွက်နုတ်ပြီး ကျန်တာကို ကျွန်များအား အချိုးကျ ခွဲ ဝေ ပေး။
ဒါကြောင့် စကု က ကန်ယာမြေ ပယ်၁၀၀၀ စာ အတွက် ကျွန် ၁၀၀ ဝန်းကျင် လောက် စကုမှာ ထားမှာပါ။
မြေအမျိုးအစားက ယာ ဆိုတော့ ပြောင်း နှမ်း ပဲ အမျိုးမျိုး စိုက်မယ်။ကန်ပါတော့ စပါးနည်းနည်း နဲ့ á€Ĩယျာá€Ĩ် ပါလုပ်မယ်။ အုန်း ထန်း
ဖရုံ ခဝဲ ကွမ်း စတဲ့ သီးနှံတွေ စိုက်မယ်
လို့ ပြောလို့ရပါတယ်။သီးနှံ ပေါ်ရင်
စကု က နေ ပုဂံ ကို သွား သက်ဆိုင်ရာ
ကျောင်း အတွက် လှူ ။ ကျွန် တွေ က
ရ တဲ့ ဝေ ပုံစု တွေ နဲ့ ပုဂံ က နေ လိုတာတွေ ဝယ်ခြမ်း ကိုယ့်နေရာ ပြန်
ဆိုတော့ ။ စကု က အနန္တသူရဲ့ ကျွန်မျာ့း  အတွက် ပုဂံ ဟာ ကုန်စည် စီးဆင်း ရာ ဓန ခွဲဝေ ရာ ဖြစ်မယ် ထင်ပါတယ်။
ဒါအပြင် သိင်္ဂသူသမီးကျောက်စာမှာလည်း
စကုမှာ ဆည်သစ်ဆောက်တယ်
ဆိုတာတွေ့ရပါတယ်။ အခြား ကျောက်စာတွေကို ကိုးကားပြီးတော့
လည်းမြောင်းတွေ ဖေါက်တာကိုလည်း
ပြောနိင်ပါတယ် ။အချို့မြောင်းတွေ
ဆို ခုချိန်ထိ ကျောက်စာထဲကအမည်
တွေ ခေါ်နေကြတုန်းပါဘဲ။ စကုဟာ
ပုဂံခေတ်လွန်ကာလမှာ စကုခရိုင်ရယ်
လို့ဖြစ်နေတာကိုလည်းသက္ကရာဇ် ၆၇၉ ခု (၆၆၈-၆၇၄-ခု)
ထိုး အနန္တသူ မောင်နှံကျောင်း
 ကျောက်စာ၊တမျက်နှာ၊ (ပုဂံပြတိုက် ကျောက်တိုင်အမှတ် ၇၃ ) မှီာတွေ့နိုင်ပါတယ်။ ဆရာကြီးဒေါက်တာသန်းထွန်း နဲ့
မင်းဘူးá€Ļးအောင်ကြိုင်တို့ကလည်း
ပုဂံခေတ်ကမင်းဘူး ခြောက်ခရိုင်မှာ စကုခရိုင်
လည်းပါတယ်ဆိုကြပါတယ်။ီ
 á€’ီလို စိုက်ပျိုးရေးဆန်စပ့ါးအားထား
ရာဒေသကို တောင်တွင်းစား  á€Ÿာ
သူ့သားစကုစား  á€”ဲ့ အတူ ပုဂံ
ရဲ့ အခြေအနေကိုကြည့်ပြီး  တောင်တွင်း နဲ့ စကုကို သေချာပြင်ဆင်ထားခဲ့တာဖြစ်ပါမယ်။
ဇာတာတော်ပုံမှာတော့ မြန်မာနှစ် ၆၆၁ မှာတည်တယ်ဆိုပါတယ်။တင်နိုင်တိုး
ရဲ့မြန်မာမြို့အဘိဓါန်မှာ မြန်မာနှစ် ၆၆၁ နတ်တော် လဆန်း ၇ရက် တနင်္လာနေ့ မှာ တောင်တွင်းမင်းသီဝိပဒေ ကတည်
တယ်လို့ဆိုပါတယ်။ ဒါတွေဟာ
တောင်တွင်းစားဟာ ဘယ်လောက်ထိ
စá€Ĩ်းစားပြင်ဆင်ထားသလဲဆိုတာကို
သိနိုင်ပါတယ်။်
ဒါကြောင့်  á€žá€ိုးမင်းဖျား နန်းတက်
တော့  တောင်တွင်း နဲ စကု ဟာခြားနား
ခဲ့ပါတယ်။သတိုးမင်းဖျားက တောင်
တွင်းကို တိုက်ခိုက်သိမ်းနိုင်ပေမယ့်
စကုကိုတော့  á€”စ်ကြိမ်တိုက်ရာမှာ
နစ်ကြိမ်လုံးမအောင်မြင်ခဲ့ပါဘူး။
နောက် မင်းကြီးစွာလက်ထက်မှာတော့
စကုကို တိုက်မနေတော့ဘဲ စကုစား
သိင်္ဂသူစောနောင်းကို နမတော် နဲ့စုံ
ဖက်လို့ သိမ်းသွင်းလိုက်ပါတယ်။
ဒီလို တောင်တွင်း နဲ့ စကု ပတ်သက်
မူ် မှာ ထေရ်ကြီးစေတီ တည်
တဲ့ အချိန် လှူဒါန်းပုဂ္ဂိုလ် ဟာ အများ
ကြီးဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်ပါ။
နောက်တစ်ခုက အဲ့ဒီအချိန် ၁၄
ိံရာစုကဘဲ  အောက်ကျောင်းစေတီ
ကို တောင်တွင်းမင်းသီဟပတေ့က တည်ခဲ့ပြီး
ထေရ်ကြီး စေတီတော် နဲ့
á€Ĩာဏ်တော်ကလည်း အတူတူဘဲ
ဆိုပါတယ်။ ထူးခြားတာက မဟာပုဏ္ဏ
မထေရ်သီတင်းသုံးတဲ့နေရာ နစ်ခုမှာ
တည်ထားတာဖြစ်ပါတယ်။ ဒီထေရ်ကြီးစေတီဟာ
ယခင်က စေတီဟောင်းကို ငုံင်္ပြီး
တည်တယ်ဆိုတဲ့ အစá€Ĩ်အလာစကား
က ရှိနေပါသေးတယ်။
အချုပ်ပြောရ ရင် ဒီထေရ်ကြီး ထီးကြီး
စေတီဟာ အေဒီ ၁၃၀၇  ၊ မြန်မာနှစ်
၆၆၉ မှာတည်တာ ဖြစ်နိုင်တယ်လို့
လက်ခံ ရမှာပါ။ အစá€Ĩ်အလာစကားကိုမှ ပြောချင်ရင်တော့ မဟာပုဏ္ဏ မထေရ် သီတင်းသုံး
တယ် ဆိုတဲ့ စေတီဟောင်း ကတော့
စေတီကို စေတီကွယ်ခဲ့ပြီလို့ဘဲ
ပြောရပါတော့မယ်။

ယခုပို့  နှင့် ပတ်သက်သော အချက်အလက်
အချို့ကိုပေးပို့သော ဆရာတော် Shan Yoma E-Library  á€Ąားကျေးဇူးတင်ပါသည် ဘုရား

ုCrd#
#Credit #
ရာဇ၀င်
စကုáŋမို့

áŋမို့တည်နေရာáŋပ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°13′N 94°50′E
နိုင်ငံအမည်  မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင် မင်းဘူး
လတ္တီကျု (၂၀)ဒီဂရီ၊ (၁၃)မိနစ်
လောင်ဂျီကျု (၉၄)ဒီဂရီ၊ (၅၀)မိနစ်
áŋမို့နယ်ရုံးစိုက်ရာáŋမို့ စကုáŋမို့
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

မာတိကာ

    ၁ စကုáŋမို့
    ၂ သမိုင်းကြောင်း
    ၃ ဒဏ္ဍာရီ
    ၄ ကိုးကား

စကုáŋမို့

စကုáŋမို့သည် မကွေးတိုင်းအတွင်းပါဝင်သောáŋမို့တစ်áŋမို့ဖြစ်သည်။ မင်းဘူးခရိုင် တောင်ပိုင်းတွင်ရှိ၍ စကုáŋမို့နယ် ရုံးစိုက်ရာáŋမို့ ဖြစ်သည်။ မင်းဘူး စလင်းသွား မော်တော်ကား လမ်းတွင် မင်းဘူးáŋမို့၏ အနောက်မြောက်ဖက် ၁၁မိုင်အကွာ၌ တည်ရှိသည်။ áŋမို့နယ်၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၆၄၂.၇ ခန့် ရှိသည်။ မန်းစက်တော်သို့ဘုရားဖူးသွားကြသူအများစုမှာစကုáŋမို့သို့ဖြတ်သန်း၍သွားကြရပေသည်။
သမိုင်းကြောင်း

‘ကြာသီးနု စကုတည်’အဆိုအရသက္ကရာဇ်(၂၆၇)ခုနှစ်တွင် အသင်္ခရာအမတ်ကြီးက စကုáŋမို့ကိုတည်ခဲ့သည်။ ကျေးငှက်ပေါများသည့်áŋမို့အဖြစ်ရှေးက ’သကုန’ ဟုအမည်တွင်ခဲ့သည်ဆိုသည်။ ရှေးáŋမို့ငယ်တစ်ခုဖြစ်၍မြန်မာမင်းများလက်ထက်အခါကáŋမို့ဝန်အုပ်ချုပ်ရသောáŋမို့ဖြစ်သည်။ မြန်မာမင်းများ လက်ထက်တွင်၊ စကုáŋမို့ဝန် ဟူ၍ သီးခြားထားရှိáŋပီး အုပ်ချုပ်စေခဲ့သည်။ ရှေးခေတ်စကုáŋမို့ဝန်၊áŋမို့သူကြီးတို့ တည်ဆောက်ကိုးကွယ်ခဲ့သော လေးထပ်ကျောင်း၊ သုံးထပ်ကျောင်း၊ မှန်ကင်းကျောင်း၊ ကန်á€Ļးကျောင်းစသည့် ကျောင်းကြီးများတွင် ဇာတ်နိပါတ်တော်များကို သရုပ်ဖော်ပြထားသည့် ရှေး မြန်မာပန်းပုလက်ရာတို့ကို ယခုတိုင် တွေ့နိုင်သေးသည်။ မြတ်စွာဘုရား၏ ခြေတော် နှစ်ဆူရှိသော ရွှေစက်တော် ဘုရားသည် စကုáŋမို့နယ် အတွင်း၌ပင် ရှိ၏။ ရွှေစက်တော် ဘုရားပွဲ ကျင်းပသည့် တပို့တွဲနှင့် တပေါင်းလတို့တွင် မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများ လာရောက်ကြသည်။
ဒဏ္ဍာရီ

စကုáŋမို့ဟု အမည်တွင်ရခြင်းကို တစ်ကောင်းခေတ်မှ မဟာသမáģဝ၊ စူဠသမáģဝတို့၏အကြောင်းနှင့် ဆက်စပ်ပြောလေ့ရှိကြသည်။ ထိုမျက်မမြင်မင်းသား နှစ်ပါးတို့အား ဧရာဝတီမြစ်ရိုးတွင် ဖောင်ဖြင့်မေáŊှာလိုက်ရာ စစ်ကိုင်းမှ စနáĩမုခီ ဘီလူးမသည် ဖောင်ပေါ်တွင် အတူစီးလိုက်ခဲ့လေသည်။ လမ်းတွင် စားáŋမိန်စာများကို ခိုးစားသော ဘီလူးမအားမိ၍ မင်းသားများကသတ်မည် အပြုတွင် မျက်စိအလင်းရအောင် ကုပေးပါမည်ဟု ကတိပြုချက်ကြောင့် အသက်ချမ်းသာပေးလိုက်၏၊ ထိုနေရာမှစ၍ မင်းသားနှစ်ပါးအား မျက်စိအလင်းရအောင် စတင်ကုပေးသည့် အတွက် စကုဟု ခေါ်ကြောင်း အဆိုရှိ၏။

စကုáŋမို့နယ်၏ အဓိက လုပ်ငန်းမှာ လယ်ယာ စိုက်ပျိုးခြင်း ဖြစ်၏။ လယ်ယာစိုက်ပျိုးခြင်း များကို မန်းချောင်းမှ ဆည်မြောင်းများဖြင့် ရေသွင်းစိုက်ပျိုးသည်။ စကုနယ်မှထွက်သည့် စကုဗြတ် ခေါ်သော စပါးသည် နာမည်ကြီး၏။ 'စပါးမှာ စကုဗြတ်၊ မယားမှာ တစ်ခုလပ်'ဟုပင် ဆိုရိုး ရှိခဲ့သည်။ အိုင်မဆည်(မန်းဘူးမြောင်း)နှင့် မဲဇလီဆည်(မုန်းတူးမြောင်း) စီမံကိန်းအရ စိုက်ဧရိယာများစွာ ရေသွင်းနိုင်áŋပီးတစ်နှစ်ပတ်လုံးသီးထပ်သီးညှပ်များဖြင့် ဝေဆာလျက်ရှိသည်။ မန်းရေနံေáŋမ စီမံကိန်းသည် မင်းဘူးစကုáŋမို့နယ်၏ ထင်ရှားလှသော စီးပွားရေးကဏ္ဍာတစ်ရပ်ဖြစ်၍ ယခုအခါ ဓာတ်ငွေ့စက်ရုံ တစ်ရုံ တိုးချဲ့တည်ဆောက်áŋပီး ဖြစ်သည်။ စကုáŋမို့၏ လူá€Ļးရေမှာ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ၅,၁၅၂ ယောက်မáŊှ ဖြစ်သည်။ [၁]

áŋမို့၏အရှေ့၌ထေရ်ကြီးနှင့်သကျမá€Ĩ်ဇူစေတီများ၊တောင်ဘက်၌ကန်ပေါက်ကြီးနှင့်ပုညရှင်စေတီများ၊အနောက်၌ဇရပ်ကြီးနှင့်ရွှေကျမ်းစေတီ၊မြောက်ဘက်တွင်ရွှေတော်ရကြီးစေတီနှင့်မန်းချောင်းတို့သည်တည်ရှိသဖြင့်ကြီးလေးကြီးရံသောáŋမို့ဟုဆိုကြသည်။ áŋမို့တွင်းáŋမို့ပြင်စေတီပုထိုးတစ်ရာခန့်ရှိáŋပီးကျောင်းကန်ဘုရားတို့ကိုအုတ်စင်္ကြန်များပေါများမှုကို တင်စား၍ပုဂံဘုရား၊ စကုတံတားဟု ဆိုရိုးတွင်သည်။ ရှေးမြန်မာတို့၏အနုပညာလက်ရာများဖြင့်တခမ်းတနားတည်ဆောက်ထားခဲ့သောရှေးဟောင်းသာသနာ့ အဆောက်အအုံများမှာယနေ့တိုင်စကုáŋမို့ဝန်းကျင်တွင်တွေ့မြင်နိုင်ပေသည်။

စကုáŋမို့၌ နေ့စá€Ĩ် အရုဏ်ဆွမ်းလောင်းအဖွဲ့နှင့် နေ့ဆွမ်းလောင်းအဖွဲ့တို့ ရှိကြáŋပီး နှစ်စá€Ĩ်ပရိယ္တတ် စာပြန်ပွဲ နှစ်ကြိမ်ကျင်းပသည်။ ဗုဒáļဘာသာ ယá€Ĩ်ကျေးမှုသင်တန်း သုံးဌာနရှိáŋပီးဝတ်ပြုအဖွဲ့ (၁၂)ဖွဲ့ရှိသဖြင့် အဖိတ်á€Ĩပုသ်နေ့ ညနေတိုင်း ဓမáŧာရုံများ၌ ရွတ်ဆိုပူဇော်လေ့ရှိသည်။ မန်းရွှေစက်တော်ပါဒစေတီသို့ စကုမှတစ်ဆင့် လမ်းသုံးသွယ်ဖြင့် သွားနိုင်သည့်အပြင် မြောက်ဘက်ရှိ လယ်ကိုင်းစနáĩကူး နံ့သာရုပ်ပွားတော်နှင့် ကျောင်းတော်ရာစေတီများသို့သွားရောက် ဖူးမြော်နိုင်သည်။ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကáŊွန်းáŋမို့နယ်များသို့သွားရာ ခရီးစခန်းတစ်ခုဖြစ်၍ အေးဆေးစွာနေလိုသူတို့အတွက် နားခိုရန်သင့်လျော်သည့် áŋမို့တစ်áŋမို့ဖြစ်သည်။
ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

Copy Tin Maung Hlaing pageမှ ကူးယူ​ဖော်​ပြပါသည်​။


စကုသမိုင်းဖတ်လိုက်ရတာအရမ်းကို
ဝမ်းသာပီတိဖြစ်မိပါတယ်။မသိသေးတာ
သိရလို့(ငြိမ်း)မြို့နယ်အုပ်ချုပ်ရေး
á€Ļးသန်းထွန်းအကိုကြီးအားအထူးပင်
ကျေးဇူးပါခင်ဗျာ။

 á€…ကုမြို့နယ်အုပ်ချုပ်ရေးဖြစ်စဉ်အကျဉ်း
    *******************************
    *******************************

(၁)    á€…ကုသည်ပုဂံနှင့်ခေတ်ပြိုင်မြို့ဖြစ်သည်။ပုဂံခေတ်တွင်
လယ်တွင်းကိုးခရိုင်၊ ဆယ်တစ်ခရိုင်၊ ခြောက်ခရိုင်ဟူ၍ရှိခဲ့ရာခြောက်ခရိုင် နယ်မြေတွင် စကု၊စလင်း၊လယ်ကိုင်း၊ ကျပင်း၊ဖောင်းလင်း၊မပင်စရဟူ၍
ရှိခဲ့သည်။ အင်းဝခေတ်မှကုန်းဘောင်ခေတ်အထိစကုမြို့စား
မင်းသား၊ မင်းသမီးများရှိသကဲ့သို့မြို့ဝန်များလည်းခန့်ထား
အုပ်ချုပ်ခဲ့သည်။ ရွှေဘုံသာဘုရားနှင့်ကပ်လျက်ရှိသောအဆောက်အဉီးကြီး
မှာ မြို့ဝန်ဉီးဆိုင်နေထိုင်ခဲ့သည့်အိမ်ဖြစ်သည်။

(၂)   စကုမြို့အုပ်၊ မြို့ပိုင်အဆက်ဆက်မှာအောက်ပါအတိုင်းဖြစ်သည်-
       (က)အင်္ဂလိပ်ခေတ်
            ဉီးးသိုက်(မြို့အုပ်)
       (ခ)ဂျပန်ခေတ်
        (၁)    á€‰ီးဘသိုက်(မြို့ပိုင်မှတပ်ထဲဝင်ဗိုလ်မှူးအဆင့်)
        (၂)    á€‰ီးရှင် ဝဏ္ဏကျော်ထင်ဘွဲ့ရ(လျှပ်စစ်ရုံး
               á€Ąနောက်ဘက်အိမ်ဝိုင်းမှာဉီးရှင်၏အိမ်ဝိုင်းဖြစ်
               á€žá€Š်။)

         (ဂ)ဖဆပလခေတ်
            (၁)ဉီးချစ်ထွန်း
            (၂)ဉီးမင်းစိန်
            (၃)ဉီးချစ်ဆိုင်
            (၄)ဉီးခင်မောင်လှ
       
         (ဃ)နလကခေတ်
            (၁)ဉီးတင်
            (၂)ဉီးရွှေသိန်း
            (၃)ဉီးယောဟန်
            (၄)ဉီးတင်ထွဋ်

  (၃)  မြို့ပိုင်များရုံးစိုက်သည့်နေရာမှာလက်ရှိမြို့အုပ်ချုပ်ရေး
မှူးရုံးဖွင့်လှစ်ထားသည်။ မြို့ပိုင်ရုံးတွင်တရားမတရားသူကြီး
ရုံး။ငွေတိုက်ရုံး။ မြေစာရင်းရုံးများပါပူးတွဲဖွင့်လှစ်ထားသည်။
ရဲဝန်ထောက်ရုံးကိုရဲစခန်းအတွင်းဖွင့်လှစ်ထားပြီးသမဝါယမ
စိုက်ပျိုးရေး။ ဆည်မြောင်း ရုံးများလည်းဖွင့်လှစ်ထားပါသည်။

   (၄)  áá‰á†á‚ခုနှစ်တော်လှန်ရေးအစိုးရတက်လာသည့်အ
ချိန်တွင်မြို့နယ်လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီရုံးကိုမြို့ပိုင်
ရုံးတွင်ပူးတွဲဖွင့်လှစ်ခဲ့ပါသည်။ တာဝန်ယူခဲ့သည့်မြို့နယ်လုံ
ခြုံ ရေးကော်မတီဉက္ကဌများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
     (က)ဗိုလ်မောင်မောင်            á€á€œá€›(၂၁)စကု
      (ခ)ဗိုလ်ကြီးအောင်ဝင်း         ခလရ(၂၁)စကု
     (ဂ)ဗိုလ်ကြီးသောင်းရင်         ခလရ(၂၁)စကု
      (ဃ)ဗိုလ်ကြီးသိန်းကျော်       ခလရ(၂၁)စကု
      (င)ဗိုလ်ကြီးတင်အေး           ခလရ(၂၁)စကု
      (စ)ဗိုလ်ကြီးမင်းနိုင်             ခလရ(၂၁)စကု
     (ဆ)ဗိုလ်ကြီးတင်ဉီး             ခလရ(၈၈)မင်းဘူး

   (၅)ယင်းကာလတွင်မင်းဘူးမြို့နယ်ဟူ၍မရှိပါ။မင်းဘူးတွင်
မြို့မလုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီ(မလက)ဟုဖွဲ့စည်း
ထားပြီးမြို့ပေါ်(၄)ရပ်ကွက်ကိုသာတာဝန်ယူအုပ်ချုပ်ပါသည်။မလက မှာလက်ရှိစကုမြို့အုပ်ချုပ်ရေးမှူးတာဝန်ယူသည့်
အနေအထာအတိုင်းပင်ဖြစ်ပါသည်။မလကဉက္ကဌမှာမြို့မဝန်
ထောက်ကြီးဖြစ်ပါသည်။

(၆) ကျွန်တော်သည်စကုမြို့နယ်လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်
မတီရုံး၌(၁၉၆၃ -၆၄)ခုနှစ်တွင်လုပ်အားပေးစာရေးအဖြစ်
ဗိုလ်ကြီးအောင်ဝင်းနှင့်ဗိုလ်ကြီးသောင်းရင်တို့လက်ထက်
တာဝန်ထမ်းဆောင်ခဲ့ပါသည်။ဗိုလ်ကြီးသိန်းကျော်လက်
ထက်မှဗိုလ်ကြီးတင်အေး။ဗိုလ်ကြီးမင်းနိုင်တို့လက်ထက်
တွင်လစာရအောက်တန်းစာရေးအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၈ခုနှစ်ဗိုလ်ကြီးမင်းနိုင်လက်ထက်တွင်အထက်တန်း
စာရေးမင်းဘူးခရိုင်လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီရုံးတွင်
ဝင်ရောက်ဆောင်ရွက်ခဲ့ပါသည်။ထိုစဉ်က ခလကဉက္ကဌ
များမှာဗိုလ်မှူးကျော်သန်း(နောင်လူမှုဝန်ထမ်းဒုဝန်ကြီး)နှင့်
ဗိုလ်မှူးမင်းနောင်(နောင်ပြည်ထဲရေး ဒုဝန်ကြီးတို့ဖြစ်
ပါသည်။

(၇)နလကဉက္ကဌဗိုလ်ကြီးတင်အေးနှင့်ဗိုလ်ကြီးမင်းနိုင်တို့
သည်စကုမြို့ပေါ်ရပ်ကွက်တွင်အိမ်ငှားနေထိုင်ပြီး နေ့စဉ်
အိမ်မှရုံးတက်ပြီးလုပ်ငန်းတာဝန်များဆောင်ရွက်ပါသည်။
ဤကာလအတွင်းနလကဉက္ကဌဗိုလ်ကြီးမင်းနိုင်သည်
မင်းဘူးမြို့ကမ်းနားလမ်း(လက်ရှိဆည်မြောင်းရိပ်သာ
မြောက်ဘက်)၌ခရိုင်ဝန်ဉီးဇော်ဝင်းလက်ထက်တွင်မြေ
ကွက်ဂရန်ခွင့်ပြုချက်ဖြင့်နေအိမ်ဆောက်ခဲ့သည်။မင်းဘူး
နေအိမ်ပြီးသည့်အခါမင်းဘူးသို့ရွှေ့ပြောင်းနေထိုင်ပြီး
မင်းဘူးမှစကုသို့နေ့တိုင်းရုံးတက်လာပါသည်။လအနည်း
ငယအကြာတွင်စကုနလကရုံးကိုရုံးတက်လွယ်ကူစေရန်
အတွက်မင်းဘူးသို့ပြောင်းရွှေ့ခဲ့ပါသည်။

(၈)ယင်းသို့ပြောင်းရွှေ့နေထိုင်ရာတွင်တရားဝင်အမိန့်ညွှန်
ကြားချက်တစ်စုံတရာမရှိခဲ့ပါ။အကယ်၍ရှိခဲ့ပါကခရိုင်လုံခြုံ
ရေးနှင့်အုပ်ချုပ်မှုကော်မတီရုံးအုပ်ဖြစ်သည့်ကျွန်တော်သိရှိ
ရမည်ဖြစ်ပါသည်။ခရိုင်ဉက္ကဌ၏နှုတ်မိန့်သဘောတူချက်အရလေ့လာသိရှိရပါသည်။စောစောပိုင်းကရုံးစာများတွင်
စကုမြို့နယ်လုံခြုံရေးနှင့်အုပ်ချပ်မှုကော်မတီ(မင်းဘူးမြို့)
ဟုလိပ်စာတပ်လေ့ရှိပါသည်။ ပြည်သူ့ကောင်စီလက်ထက်
တွင်မူ  á€™á€„်းဘူး(စကု)မြို့နယ်ဟုပြောင်းလဲသုံးစွဲလာသည်ကို
လေ့လာသိရှိရပါသည်။                 ။

             
                (    á€‰ီးသန်းထွန်း   )
             
         မြို့နယ်အုပ်ချု ပ်ရေးမှုး(ငြိမ်း)
                    စကုမြို့

မင်းဘူး - စကု ၂ áŋမို့ပေါင်းမှဖြစ်လာတဲ့áŋမို့နယ် အခြေအနေကြောင်းကြောင်းတွေကြောင့် ၂ áŋမို့ပေါင်းမှဖြစ်လာတဲ့áŋမို့နယ် ဘာဘဲဖြစ်ဖြစ် စကုကလူတွေဟာ သဘာဝအရကို ကြိုးစားအားထုတ်ဖို့၊ စုစည်းဖြစ်ဖို့ ဖန်တီးပေးထားသလိုပါဘဲ မင်းဘူးကို - ရုံးတက်ဖို့ဘဲဖြစ်ဖြစ် အစည်းအဝေးဘဲတက်တက် ရုံးကိစáĨရှိလို့သွားသွား အသွားအပြန် နေကိုမျက်နှာမူသွားရတယ်။ ရုံးဝန်ထမ်းတွေဆို ကြိုပို့ရုံးကားခ ပိုကုန်ရတယ်။ ဆိုင်ကယ်နဲ့ဆိုလည်း ဆီဖိုပိုကုန်ရတယ်။ ထမင်းစရိတ်ပိုကုန်ရတယ်။ မင်းဘူးကိုရောက်ဖို့ စရိတ်ပိုကုန်ရတယ်။ ပိုကြိုးစားအားထုတ်မှ မင်းဘူးရောက်ရတယ်ပေါ့။ ဘာကြောင့်သွားသွား မသွားခင် စုစည်းဖြစ်ကြတယ်။ စုစည်းဖြစ်တော့ သွားရတဲ့အကြောင်း ကြိုတင်တိုင်ပင်ဆွေးနွေးဖြစ်ကြတာပေါ့။ ပြန်လာတော့လည်း လမ်းမခွဲကြခင် ပြန်သုံးသပ်ဖြစ်ကြတာပေါ့။ ဒါ စကုဘက်ကလူတွေအတွက် အခြေအနေက ဖန်တီးပေးထားတဲ့ စုစည်းမှုပါ။ ဒီသဘာဝကို နားလည်းတဲ့သူတွေရှိသလို မျက်မုန်ကျိုးတဲ့သူတွေ နားမလည်နိုင်သူတွေလည်းရှိကြတယ်။ နောက်တစ်ချက်က စကုဆိုတာ ရွာကနေ ရပ်ကွက် ရပ်ကွက်ကနေမှ အုပ်ချုပ်ရေးမြင့်လာလို့ áŋမို့ဖြစ်ရတဲ့ áŋမို့မဟုတ်ဘူး။ မူလကတိုင် áŋမို့တည်ခဲ့တဲ့ သမိုင်းဝင် ထောင်ပြုáŋမို့ဖြစ်ခဲ့တဲ့ áŋမို့။ အဲဒီကနေမှ အုပ်ချုပ်မှုအဆင့် လျော့ကျခဲ့လို့ ချောင်ထိုးခံရသကဲ့သို့( မရည်ရွယ်သော်လည်း အခြေအနေက အဲဒီလိုဖြစ်ခဲ့ရတဲ့áŋမို့) ဒေသစွဲကြီးကြတာ အပြစ်မဟုတ်ပါဘူး။ တရားနည်းလမ်းကျစွာ ကြိုးစားအားထုတ်နေကြတာကိုလည်း နားလည်နိုင်ကြမယ်ထင်ပါတယ်။ ကိုယ့်ဒေသ တိုးတက်အောင်လုပ်တာ ဒေသသားတွေရဲ့ မွေးရာပါတာဝန်ပါ။ အဲဒီလိုဘဲ မွေးရပ်မြေတိုးတက်ဖို့ နောက်တစ်ဆင့် မွေးရာဒေသတိုးတက်ဖို့ နောက်တစ်ဆင့် မွေးရာတိုင်း၊ မွေးရာနိုင်ငံတိုးတက်ဖို့လုပ်ကြရမှာပါဘဲ။ မွေးရပ်မြေဆိုတာ ကိုယ့်ရဲ့ ဘူမိနက်သန်မြေပါ။ မွေးရပ်မြေကိုချစ်မှ မွေးရာဒေသကိုချစ်တတ်မှာပေါ့ မွေးရာဒေသကို ချစ်တတ်မှလည်း မွေးရာနိုင်ငံကို ချစ်တတ်တော့မပေါ့။ ဇာတိကိုချစ်တာနဲ့အတူ အမျိုးကိုလည်းချစ်တတ်မှာပေါ့။ ဇာတိကိုချစ်မှ ဇာတိကို ကာကွယ်စောင့်ရှောက်တော့မပေါ့။ အမျိုးကိုချစ်မှာလည်း အမျိုးကို ကာကွယ်စောင့်ရှောက်တော့မပေါ့။ စကုဆိုတာ ကြိုးစားအားထုတ်မှုကြောင့် အခုလို တည်တံ့နေတာပါ။ စကုချစ်စိတ်ဆိုတာ ဒေသချစ်စိတ်၊ နိုင်ငံချစ်စိတ်ရဲ့ အခြေခံအကြောင်းတရား၊ ဒီအကြောင်းတရားကို အကြောင်းပြုáŋပီးတော့ အခြားသူတွေရဲ့ သူတို့မွေးရပ်မြေ၊ သူတို့မွေးရာဒေသကို ချစ်တတ်တဲ့စိတ်ကိုလည်း လေးစားတန်ဖိုးထားပါတယ်။ Photo credit:Zaw Myo Oo

ဧက တွက်နည်း

 đŸ’Ĩမြေဧက တွက်နည်းđŸ’Ĩ မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်ရဲ့ ပုံသဏ္ဍန်က...